ညကနှင်းကျထားတာကြောင့် မနက်ခင်းက နေရောင်ရှိသော်ညား လုံလောက်သည့် အနွေးဓာတ်ကိုမပေးနိုင်။ သို့သော် ဂျိတ်ခ်ရှင်းမ်တို့ကတော့ စောင်ရော ဖက်ထားမဲ့ လူရောရှိတော့ ဆောင်းတွင်း လက်မထောင်နိုင်တယ်လေ။
အီသန့်လီ့ ရင်ခွင်ထဲကကောင်လေးကတော့ သူ့ကိုကို ရင်ခွင်ထဲက ထွက်ဖို့ အစီစဉ်ရှိသေးရဲ့လား။
" အီသန်~~ "
" ဟင် "
နိုးနိုးခြင်းဖြစ်တာကြောင့် အီသန့်ရဲ့ အသံကသာမာန်ထက် ပိုပြီး deep ဖြစ်ကာ ဆွဲဆောင်မှုရှိနေလေရဲ့။
" ဒီနေ့ဘာနေ့လဲ "
" ဘာနေ့မို့လို့လဲ "
ဟမ်? အီသန်လီ တကယ်ကြီးမေ့နေတာလား၊ ယုတ်တိမရှိလိုက်လေခြင်း။ မှတ်မိမယ်ထင်ထားတာလေ။ မုန်းဖို့ကောင်းလိုက်တာ
" တကယ်ကြီးမမှတ်မိတာလား "
မမှတ်မိနေပုံရှိတာကြောင့် ဂျိတ်ခ် ဘာမှမပြောပဲ နွေးထွေးလှပါတယ်ဆိုတဲ့ ရင်ခွင်ထဲကရုန်းထွက်ကာ မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ်။
" ဘာနေ့လဲ?? "
ဦးနှောက်အား အနည်းငယ် အလုပ်ပေးလိုက်ပြီးမှ။
" Shit!! Jakey!! "
အခုမှသတိရတော့ရော ဘာထူးလဲ။ ဟိုမှာ စိတ်ဆိုးသွားပြီလေ။
" ဂျိတ်ခ်..ကိုယ်တောင်းပန်ပါတယ် "
သို့သော် ဂျိတ်ခ်ကတော့ ဟီးဆွန်းစကားကို လျစ်လျူရှု့ကာ ရေခဲရေကိုသာ လှိမ့်ပိတ်သောက်နေလေရဲ့။
" ဂျိတ်ခ်~~ "
" ဘာအခုမှ လေသံချွဲနဲ့ ဂျိတ်ခ်လဲ!! "
အော်လိုက်တော့ သမင်ပေါက်လေးက ခေါင်းလေး ငုံ့လျက် နားထောင်နေ၏..။
" ဒီနေ့ဘာနေ့လဲ!! "
" November 15 "
" ဘယ်သူ့မွေးနေ့လဲ "
" Sim Jaeyun မွေးနေ့ "
" ဘာလုပ်သင့်လဲ "
" နမ်းသင့်တယ် "
" Ya!! အီသန်!- "
ဂျိတ်ခ်ရဲ့ အော်သံအား ဟီးဆွန်းရဲ့ အနမ်းအောက် တိခနဲ ပျောက်ကွယ်သွားလေသည်။
YOU ARE READING
He doesn't like cigarettes ✓
Fanfic" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "