ည ၇နာရီကနေ စခဲ့တဲ့ ဝိုင်းဟာ ည၁၀နာရီမှာ အဆုံးသတ်သွားခဲ့တယ်။ ဟီးဆွန်းကြည့်ရတာ သိပ်မဟန် ဒီပုံစံတိုင်းဆိုလမ်းမှာဖြစ်ချင်တိုင်းဖြစ်နေမှာမို့ ကားထဲကိုတွဲပို့ပြီး ကိုယ်တိုင်ပဲလိုက်ပို့ပေးရပြန်သည်။ မူးနေတဲ့အရှိန်ကြောင့် နီရဲနေတဲ့ မျက်နှာလေးနဲ့ ဆူထွက်နေတဲ့ နှုတ်ခမ်းလေးဟာ အသဲယားစရာ။
ယိုင်တိယိုင်တိုင်နဲ့ အီသန်က ပါးစပ်က ပွစိပွစိပြောနေသော်လဲ သန်မာလှတဲ့ အီသန်ရဲ့ ခန္ဓာကိုယ်နဲ့အတူ လဲမကျအောင်သာ ကြိုးစားနေရ၏..။
အိမ်ရောက်ချိန်အိပ်ယာပေါ်ကို နေရာချပေးပြီး အဝတ်လဲပေးလိုက်သည်၊ ရှက်နေစရာမှမဟုတ်တာ ကိုယ့်ရည်းစားပဲဟာကို။ အိမ်ရောက်တုန်းခေါင်းလေးတစ်ချက်ဝှေ့ကြည့်ကြည့်တော့ စားပွဲပေါ်တင်ထားတဲ့ laptop တစ်လုံးနဲ့အတူ မြောက်မြားလှတဲ့ ဖိုင်..။
မြွေမြွေချင်း ခြေမြင်တဲ့အတွက်
အီသန်လဲ စီးပွားရေးသမားတစ်ယောက် ဖြစ်နေပြီဆိုတာ ဂျိတ်ခ်သိလိုက်သည်။ပြီးမှ သတိပြန်ရသွားတာက အီသန့်ကို အဝတ်လဲပေးရအုံးမယ်ဆိုတာပဲ။ ဘီဒိုအဖြူလေးထဲက အဝတ်ကို ထုတ်လိုက်ပြီး ဂျိတ်ခ် အီသန့် အကျီကို ဆွဲချွတ်လိုက်သည်။
အကျီချွတ်လိုက်ချိန် ဗိုက်ပေါ်မှာ နေရာယူနေတဲ့ ယောင်္ကျားဆန်သော အဖုအထစ်တွေဟာ ဂျိတ်ခ်ကို အာခေါင် ခြောက်စေသည်။ အီသန်က အများကြီးပြောင်းလဲသွားတာပဲ။ အကျီလဲပေးနေချိန် မှေးဆင်းနေတဲ့ မျက်လုံးလေးတွေနဲ့ လှမ်းကြည့်သေးတယ်၊ ရစ်မူးချင်စရာ။
" အီသန် "
" အွန်း....ကောင်မလေးနဲ့ ပျော်ခဲ့လား "
မူးနေသည့်အတွက် အာလေးလျှာလေး ထွက်လာတဲ့ သဝန်တိုတဲ့ စကားတစ်ခွန်း။
" အဲ့ကောင်မလေးက အမဝမ်းကွဲရဲ့ရည်းစားပါအချစ်ရယ်၊ ကျွန်တော်ချစ်တာ အီသန်တစ်ယောက်ထဲကိုပဲဆိုတာ သိတယ်မှတ်လား "
" မယုံဘူးကွာ မင်းကိုယ့်အပေါ်အေးစက်လာတယ် "
မူးနေရင် ပိုရစ်သန်တဲ့ အီသန်ကိုအခုမှပဲမြင်ဖူးတော့တယ်။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "