မနက် 7နာရီ ဆိုလျှင် alarm မပေးထားတာတောင် အကျင့်ဖြစ်နေတဲ့ မျက်လုံးက အလိုက်သတိ ပွင့်လာလေရဲ့။ မီးဖိုချောင်ထဲက ဆူးကတော့ မနက်စာပြင်ဆင်နေတယ်ထင်ပါရဲ့။
နေရောင်ဟာ သိပ်တော့ မစူးရှ။ နွေးထွေးစွာပင် အခန်း၏ ကြမ်းပြင်အား ကျရောက်နေ၏။ နေရောင်ခြည်၏ နွေးထွေးမှုဟာ ညက တစ်ညလုံး သူရှိနေခဲ့တဲ့ ရင်ခွင်လောက် နွေးထွေးပါအုံးမလား။
သို့ပင်မဲ့ မနက် 4နာရီကသူရှိခဲ့တဲ့ ရင်ခွင်ပိုင်ရှင်ဟာ ဟီးဆွန်းကို ကျောခိုင်းပြီး အိပ်နေလေရဲ့။
*Knock knock
" ထပါတော့ မင်းသားလေးနှစ်ပါးရယ်၊ တစ်မနက်လုံး မင်းသားတို့ အိပ်မောကျနေချိန်မှာ ကျွန်တော်မျိုးမ မင်းသားလေးတို့ ပွဲတော်တည်ဖို့အတွက် ပြင်ထားပါတယ် "
တစ်မနက်လုံး သူတစ်ယောက်ထဲ လုပ်နေရတော့ ဆူးက မကျေမနပ် တံခါးကို မှီကာဟီးဆွန်းကို ရန်တွေ့လေသည်။
" ထပြီ ထပြီ "
" အပူကျသွားပြီလား သက်သာပြီမှတ်လား "
နှဖူးသို့ ကျရောက်လာတဲ့ ဆူးရဲ့ သွယ်လှသော လက်ချောင်းတို့ရဲ့ လက်ဖမိုး။
" အွန်း သက်သာပြီ "
" အေးအေး! ရေနွေးနဲ့မျက်နှာသစ်ပြီးရင် ဂျိတ်ခ်ကို နှိုးပြီးလာခဲ့တော့ ငါထမင်းစားခန်းမှာ စောင့်နေမယ် "
" အေးအေး "
ကုတင်ပေါ်ကဆင်းကာ morning routine ဖြစ်တဲ့ မျက်နှာသစ် သွားတိုက်အလုပ်ကို စတင်လုပ်လိုက်တယ်။ ပြန်ထွက်လာတော့ ကုတင်ကပေါ်က ခွေးပေါက်လေးက မလှုပ်မယှက်အိပ်နေတုန်း။
" Jakey.. "
အသံအေးအေးလေးနဲ့ ခေါ်လိုက်တော့ အိပ်မှုံဆုတ်ဖွားနဲ့ ထလာလေရဲ့။
" ထတော့ မနက်စာ စားကြမယ် မျက်နှာသစ်ဖို့အတွက် ပြင်ပေးထားတယ် "
" ဟုတ် "
ဩရှရှ ထွက်ပေါ်လာတဲ့ အသံနက်သေးသေးလေးသည် ဟီဆွန်းရဲ့ အပြုံးတို့အား ဆင်မြန်းရန် အမိန့်ပေးနေသည်။
-----
" မင်းသားလေးနှစ်ပါး ကြွပါရှင် "
ထမင်းစားခန်းထဲ ဝင်လာတဲ့ဟီးဆွန်းနဲ့ ဂျိတ်ခ်က ဆူးက ထပြီး ရွှတ်ရွှတ်နောက်နောက်ပြောလိုက်တယ်။ စားပွဲပေါ်မှာနေရာယူနေတဲ့ ပေါင်မုန့်ကြက်ဥကြော် သုံးပန်းကန်နဲ့ နွားနို့ သုံးခွက်။
YOU ARE READING
He doesn't like cigarettes ✓
Fanfiction" ဘယ်လိုလူမျိုးကို မုန်းလဲ ဟျောင်း " " ဆေးလိပ်သောက်တတ်တဲ့လူမျိုး "