ဓာတ်ပုံထဲကလူ- 3

512 29 0
                                    

မေ့လဲသွားသောထိုကောင်လေး လီယိုအား... အသာအယားပွေ့ပြီး...ဧည့်ခန်းဆိုဖာပေါ်တွင် တင်ပေးလိုက်သောဂျွန်..... 

" လီယိုရယ်.. ပြောတာလေးတောင်ဆုံးအောင်နားမထောင်ဘူး၊ လူကြည့်တော့ လူကြီးလေးလိုဘာလိုနဲ့ ခုကြတော့ ကလေးပေါက်စလေးလိုဘဲ....."

ထိုသို့ပြောပြီး...လီယို၏နဖူးပေါ်သို့ ကပိုကယိုတွဲကျနေသော ဆံနွယ်တို့အားသပ်တင်ပေးလိုက်လေသည်။ 

လီယိုတယောက်သတိပြန်ရလာသောအခါ.... ရုတ်တရက်ထထိုင်လိုက်ဘေဘီသို့ ကြည့်လိုက်သောအခါ ဘယ်သူမှမတွေ့ပေ။ 

"သူ...သူက တကယ်သရဲလား... ခုကော ဘယ်ရောက်သွားတာလဲ။ ဓာတ်ပုံထဲပြန်ဝင်သွားတာလား။ ထိုသို့ပြောပြီး အပေါ်ဘက်နရံမှဓာတ်ပုံကိုမော့ကြည့်လိုက်သောအခါ.... ထိုသူ...

" ဟင်... ဓာတ်ပုံထဲမှာသူ...သူဓာတ်ပုံထဲမှာရှိနေတာဘဲ....ဒါ...ဒါနဲ့ ငါကရောဒီအပေါ်ဘယ်လိုရောက်နေတာလဲ။ "

" အမလေး၊ပထမဆုံးပြောင်းလာတဲ့နေ့မှာတင် သရဲခြောက်ခံနေရတာလား။ ဒီမှာ...ဟို ဓာတ်ပုံထဲကဆိုတဲ့လူ.... ကျတော့်ကိုဒီမှာမနေစေချင်ဘူးဆိုကျတော်မနက်ဖြန်ချက်ချင်းထွက်သွားပေးမယ်....ကျတော့်ကိုကြောက်အောက်ထပ်မလုပ်ပါနဲ့......"

လီယိုတယောက်ထိုသို့အော်ပြောလိုက်ပြီးနောက်.....

"လီယို... ကိုက မင်းဒီကိုရောက်လာလို့ဝမ်းသာနေတာပါ....မင်းကိုမနေစေချင်လို့မဟုတ်ပါဘူး၊ မင်းကိုကြောက်သွားစေဖို့မရည်ရွယ်ပါဘူး။ "

"ဟမ်.. ဒါဘယ်ကအသံလဲ... ခဗျား ဘယ်ကနေပြောနေတာလဲ.... "

"အပေါ်ကိုမော့ကြည့်လိုက်လေလီယို... ကိုက ဓာတ်ပုံထဲမှာနေတာလို့ ခုနကဘဲပြောတယ်လေ။"

" ဘုရားရေ... သူက တကယ်ကြီးဓာတ်ပုံထဲကနေ ကျတော့်ကိုစကားပြောနေတာဗျ၊ ဓာတ်ပုံထဲမှာသူ့ပုံရိပ်က လှုပ်ရှားနေတယ်၊ ဒါပေမဲ့ သူ့ကိုသက်ရှိပုံစံလိုမျိုးမြင်ရတာ ပိုခန့်ညားနေသလိုဘဲဗျ။"

"လီယို... ဘာတွေစဉ်းစားနေတာလဲ၊ ကိုဆင်းလာခဲ့မယ်အဲ့ကို...."

ထိုသို့ပြောပြီး ဂျွန်တယောက် လျှက်တပြတ်ဆိုသလိုလီယိုဘေးနားသို့ရောက်လာလေသည်။

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now