ဓာတ်ပုံထဲကလူ_14

256 16 0
                                    

" ဂျွန်...လွှတ်စမ်း!! ဘာလုပ်တာလဲ။ ဂျွန်ပြောနေတယ်လေ။"

"ကိုကို က ဘေဘီနဲ့ချစ်ချင်လို့လေ၊ ချစ်ကြမလား။ "

" ဂျွန်.....ငါအဆင်သင့်မဖြစ်သေးဘူး။"

လီယို့စကားကြောင့် ဂျွန် တွန့်ဆုတ်သွားပြီနောက် လီယို့အားတချက်ကြည့်လိုက်ကာ....

" လီယို အဆင်သင့်မဖြစ်သေးဘူးဆိုတာက ကို့ကို တကယ်မချစ်သေးလို့လား။ "

ထိုသို့ပြောပြီးလီယို့အား ချီထားရာမှ အောက်သို့ ညင်သာစွာ ချပေးလိုက်လေသည်။

"မဟုတ်ဘူးလေ၊ ဂျွန် ငါပြောတာက..."

"ကိုက လူသားစင်စစ်မဟုတ်လို့.. စိုးရိမ်နေတာလား၊ လီယို။ "

" ဂျွန်...မင်းကငါ့အတွက်တော့ လူသားစင်စစ်၊ ငါ့အတွက်အရေးပါတဲ့သူလေ၊ ငါ ရုတ်တရက်မို့ အဆင်သင့်မဖြစ်သေးတာပါ။ "

" ကျတော့်ကို အထင်မလွဲပါနဲ့နော် ကိုကို ။"

အညိုရောင် မျက်ဝန်းလေးတွေက ကျတော်စိတ်ဆိုးသွားမှာတကယ်စိုးရိမ်နေတဲ့ပုံပင် ကျတော်အညိုလုံးလေးကို လုံးဝ စိတ်မဆိုးဘူးဆိုတာ ပြောပြချင်လိုက်တာ။

" ဘေဘီလီယို၊ ကို ဘေဘီ့ကိုစိတ်မဆိုးပါဘူးနော်၊ ကိုကအရမ်းအလျှင်လိုနေသလိုဖြစ်သွားတာ ကို တောင်းပန်ပါတယ်။ "

"ဒါဆို ကျတော်တို့ချစ်ကြမလား ကိုကို။ "

ထိုသို့ပြောပြီး ဂျွန်၏ လည်ပင်းအား သိုင်းဖက်ကာ ညင်သာစွာ အနမ်းပေးလိုက်လေသည်။

ဂျွန်က မဲ့ပြုံးတချက်ပြုံးလိုက်ပြီ၊ လီယို့ ခေါင်း လုံးလုံးလေးအား အသာအယာဆွဲကာ အနမ်းတို့ပြန်တုံ့ပြန်လိုက်လေသည်။

သိမ်မွေ့သော အနမ်းတို့ကာ ရမ္မက်တို့ ရောယှက်ပါလားကာ ကြမ်းတမ်းလာလေသည်။ အိပ်ခန်းထဲသို့ဘယ်လို့ရောက်မှန်းမသိရောက်သွားသော သူနှစ်ယောက်၊ အနမ်းတို့ကာ မရပ်တန့်ခဲ့....

"ကိုကို ဒါ ကျတော့်အတွက်ပထမဆုံးအကြိမ်မို့ ညင်သာပေးမယ်မဟုတ်လား။"

"ဟက်!!! ကိုကို့ကလေးလေးကို နာအောင်မလုပ်ပါဘူး။ ကိုကို ညင်သာပါ့မယ်။ "

~~~~~~~~~~~~~~~~~~~~~~~~~~~~

မနက်ခင်းကာ သာယာသောကျေးငှက်အသံတို့နှင့်အတူ နိုးထလာခဲ့လေသည်။

ဂျွန်တယောက် သူ့ဘေးမှာကွေးကွေးလေး အိပ်နေသော ဝက်ဝံညိုပေါက်စလေးအားကြည့်ကာ အသဲယားနေမိသည်ကတော့အမှန်ပင်။ ထို့နောက် လီယို့၏ နှဖူးလေးအားအသာအယာနမ်းရှုံ့လိုက်လေသောအခါ လီယို နိုးလာလေတော့သည်။

" ကိုကို့ ကလေးလေး နိုးနေပြီလား။ လာပါအုံး ကိုကို့ရင်ခွင်ထဲကို။ "

ထိုသို့ပြောပြီး လီယို့အားရင်ခွင်ထဲဆွဲသွင်းမည်အလုပ် လီယိုမှ ဂျွန်အားတွန်းထုတ်လိုက်ပြီး ထမည်အလုပ် အိပ်ရာထဲသို့ပြန်လဲကျ သွားလေသည်။

" ဘေဘီ ရရဲ့လား။ နာသွားသေးလား။"

"သွား လာမထိနဲ့၊ အခုမှ နာသွားသေးလား လာမေးနေတယ်။ ညက ကျတော့ လူကို ကြမ်းတမ်းနေအောင် လုပ်ထားပြီတော့။ သွား လာမခေါ်နဲ့။ "

"ဟောဗျာ၊ ကိုကို စိတ်တွေ မနည်းထိန်းချုပ်ထားရတာ၊ ခုမှပွင့်ထွက်သွားတော့ ကိုကို နည်းနည်းကြမ်းသွားတာ၊ ကိုကိုတောင်းပန်ပါတယ်နော်။ "

"နည်းနည်းလား၊ ဒီလောက် လူကိုကြမ်းတမ်းထားပြီ၊ ထတောင်မထနိုင်တော့ဘူး။ "

"ဘေဘီလေးကလဲ ကိုကို့ကို စိတ်မဆိုးပါနဲ့ကွာ၊ ကိုကို့ဘေဘီ့ကို ချစ်တယ်လေနော်။ "

"ဟွန်းး လူကို ချစ်တယ်၊ ချစ်တယ်ဆိုပြီး၊ အဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လာလာချွဲနေတာ ဘယ်လို ဆက်ပြီး စိတ်ဆိုးရတော့မှာလဲဗျာ။ "

"ဟားးး ကိုကို ကလေးပေါက်စလေးကတော့၊ ကိုကို အရမ်းချစ်တယ်နော်ကလေးလေး။ ကိုကို့ကလေး လေး ဘာထိခိုက်မှုမှမရှိအောင်ကိုကို ဂရုစိုက်ပြီး၊ ကာကွယ်ပေးမယ်။ "

" ကိုကိုက ကျတော့်ရဲ့ အားအင်လေးလေ၊ ကိုကိုရှိနေလို့ကျတော် ခုချိန်ထိရပ်တည်နေနိုင်တာပေါ့ဗျ၊ ကျတော်ကိုကို့ကို လုံးဝမလွှတ်ပေးတော့ဘူး၊ ကျတော်အဆုံးရှုံးမခံနိုင်ဘူး။ အရမ်းချစ်တယ်ကိုကို။ "

ထိုသို့ပြောပြီး ဂျွန်၏ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လိုက်သောအခါ ဂျွန်တယောက်အသဲယားလွန်းလို့ တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

_yuna Jeon.

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now