ဓာတ်ပုံထဲကလူ -13

279 13 0
                                    

လီယို တယောက် အိပ်ရာနိုးလာသောအခါ ဂျွန့်အားမတွေ့သောကြောင့် ငေါက်ခနဲထလိုက်ပြီးနောက် ဂျွန့်အားလိုက်ရှာလေသည်။

"ဂျွန်... ဂျွန် ဘယ်ရောက်နေတာလဲ။ အောက်ထပ်မှာ များလား။ "

လီယိုလဲ အောက်ထပ်သို့ဆင်းသွားပြီးနောက်

"ဂျွန်...အောက်ထပ်မှာလဲမရှိဘူး၊ ဓာတ်ပုံထဲမှာလဲမရှိဘူး၊ ဘယ်ရောက်နေတာလဲဗျာ။ "

ထို့နောက်လီယို ပန်းခြံထဲသို့ဆင်းသွားသောအခါ ပန်းခြံတနေရာ၌ ရပ်ကာ တစုံတယောက်နှင့်စကားပြောနေသောဂျွန်။

"ဂျွန်...အဲ့မှာ ဘာလုပ်နေတာလဲ၊ ငါမင်းကိုလိုက်ရှာနေတာတစ်အိမ်လုံးနှံ့နေပြီ။ "

လီယို မှ ဂျွန့်အား လှမ်းခေါ်လိုက်သည်နှင့် ဂျွန်မှ ပြာပြာသလဲဖြင့် လီယို့ဆီ ပြေးလာလေသည်။

" လီယို... ဘာဖြစ်လို့လဲ၊ တခုခုစားချင်လို့လား၊ ကိုမနက်စာပြင်ပေးထားတယ်လေ၊ မကြိုက်ဘူးလား ကို့ကလေးလေး။ "

" မဟုတ်ပါဘူး၊ မနက်စာတောင်မကြည့်ရသေးဘူး၊ ဒါနဲ့ ခုနကဘယ်သူနဲ့စကားပြောနေတာလဲ။ "

"မပြောပါဘူး ကို့ကလေး လေးရဲ့..."

"ပြောနေပါတယ်၊ တယောက်ယောက်နဲ့စကားပြော နေတာ ကျတော်သေချာ တွေ့လိုက်တယ်။ "

"ဟောဗျာ၊ ကိုတကယ်ပြောနေတာ၊ ပန်းပင်လေးတွေရေလောင်းရင် သီချင်းညည်းနေတာပါ၊ ဘယ်သူနဲ့မှစကားမပြောပါဘူး၊ ကို့ဘေဘီ ပေါက်စလေးရဲ့။ "

" အင်းးပါ၊  ကျတော်ဗိုက်ဆာတယ်၊ မနက်စားသွားစားကြမယ်လေနော် ဂျွန်။ "

"ဟုတ်ပါပြီ၊ လာ ကို ပေါင်မုန့်ကိုစတော်ဘယ်ရီယိုသုတ်ပေးမယ်၊ ပြီးရင်စတော်ဘယ်ရီ ဖျော်ရည်လေးနဲ့ ကိုရဲ့ စတော်ဘယ်ရီမင်းသားလေးကို ဆက်သရမှာပေါ့။ "

"ဟာဗျာ၊ ကိုကို ကတော့၊ ကျတော်က မင်းသားလေးဆို ကိုကိုကရောဘာလဲ။ "

"ကိုကို ကဘုရင်ကြီးလေး၊ လီယိုကင်မ်ဆိုတဲ့ မင်းသားလေးကို ချစ်မြတ်နိုးတဲ့ ဘုရင်ကြီးဂျွန်ပေါ့ဗျ။ "

"ဟားး ကိုကိုကတော့၊ အယ်မှားလို့ ဘုရင်ကြီးခဗျာ မနက်စာသွားစားဖို့ကြွပါခဗျ။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now