ဓာတ်ပုံထဲကလူ -10

338 20 0
                                    

"ဂျွန်.... မင်းကတကယ်ဟင်းချက်တော်တာဘဲ။ ဟင်းချက်တော်တဲ့သူကို ရည်းစားတော်ထားရတာ ငါတကယ် ကံကောင်းတယ်မဟုတ်လား။ "

" လီယို ကတော့ ကို့ကို မြှောက်နေပြန်ပါပြီ၊ ကိုက အဲ့လောက်လဲမတော်ပါဘူး၊ ဒါပေမဲ့ လီယိုကတော့ ကို့ကို ပိုင်ဆိုင်ထားရလို့ ကံကောင်းတာ တော့အမှန်ဘဲ။ "

" ဟမ်!!!! ဘာလို့လဲ။ "

" ကိုက ချောတယ်လေ၊ ပြီးတော့ဒီလောက်ကြည့်ကောင်းတဲ့ ‌သူကိုရထားတာ ကို့ကလေးလေးက ကံကောင်းတာပေါ့။ "

" အမလေး လိပ်ကြီးဘဲ ကိုယ့်ဘက်ကို ယက်နေတယ်၊ ဒီမှာဂျွန် ငါက ပိုချောတယ်မဟုတ်လား၊  စူးရှတဲ့မျက်လုံး၊ ကြည့်ကောင်းတဲ့ဒီ မျက်နှာ နဲ့ စွဲမက်စရာကောင်းတဲ့ ဒီအသံ တွေ မင်းကြွေဆင်နေတယ်မဟုတ်လား။ "

"အဟားးး ကို စွဲလမ်းနေတာ ဒါတွေအပါအဝင် နောက်ထပ်ရှိသေးတယ်။ "

"အဲ့တာက ဘာလဲ။ "

"အဲ့တာက....."

ဂျွန်လဲ ထိုသို့ပြောပြီး လီယိုအားမချီလိုက်ကာ ထမင်းစားပွဲပေါ်တင်လိုက်လေသည်။ ထို့နောက် လီယို့ ၏ နှုတ်ခမ်း အားနမ်းလိုက်လေသည်။

" ကို့ကို ရူးသွပ်စေတာ သကြားလုံးလို ချိုနေတဲ့ လီယို့နှုတ်ခမ်းလေးလဲအပါအဝင်ပေါ့။"

"အားးး မင်းကတော့ ငါတော့ကြာရင်မင်းကြောင့်ရူးတော့မယ်။ "

ထို့နောက်လီယို့အား ညစာဆက်စားစေပြီးနောက် လမ်းလျှောက်ရန်ပန်းခြံထဲသို့ ထွက်လာလေသည်။

"လီယို ကောင်းကင်ကိုကြည့်လိုက်ပါအုံး၊ ကြယ်လေးတွေက အရမ်းလှတာဘဲ။ "

"အင်း၊ ဟုတ်တယ်နော် မင်းသိလား ဟိုးးးမှာ ကြယ်အကြီးကြီးတလုံးရှိတယ်လေ တွေ့လား။ "

"အင်းး တွေ့တယ်၊ အရမ်းလှတယ်နော်။ "

"ဟုတ်တယ်၊ အဲ့တာ ငါ့မေမေလေ။ "

"လီယို့ မေမေက ကောင်းကင်မှာ အလင်းလက်ဆုံးနဲ့ အရမ်းလှတာဘဲနော်။ "

"အင်းးဟုတ်တယ်၊ ငါ့မေမေက အရမ်းလှတယ်။  ဒါနဲ့ မင်း မေမေကရော။ "

လီယို့အမေးကြောင့်ဂျွန်တယောက် မျက်နှာ အောက်ငိုက်ဆိုက်ချလိုက်ပြီးနောက် သက်ပြင်းတချက်ချလိုက်လေသည်။

"ဘာဖြစ်လို့လဲ ဂျွန်။ "

"ကို့မေမေက ကို့ကို ငယ်ငယ်လေးထဲကစွန့်ပစ်သွားခဲ့တယ်၊ အဖေက လဲ ကို့ကို
လုံးဝ ဂရုမစိုက်ဘူး၊ သူအလုပ်တွေကလွဲရင်ကျန်တာဘာမှဂရုမစိုက်ဘူး။ "

" ဂျွန်ဘာမှ မဖြစ်နဲ့နော်၊ အခုမင်းဘေးမှာ မင်းကိုအရမ်းချစ်တဲ့ ငါတယောက်လုံးရှိတယ်နော်။ "

"ကို အခုစိတ်ထဲမှာအဲ့တာတွေမရှိတော့ပါဘူး၊ အခုကို့ စိတ်ထဲမှာ လီယိုက လွဲရင်ဘာမှမရှိဘူး၊ လီယို့အနားမှာ နေနေရတာနဲ့တင် ကို ပျော်နေပြီ။ "

" ငါရောဘဲ၊ မင်းရှိနေရင်ရပြီ၊ မင်းငါ့အနားမှာရှိနေတဲ့အချိန်တိုင်းကငါ့ကို လုံခြုံမှုကော နွေးထွေးမှုကော ခံစားရစေတယ်။ "

"အရမ်းချစ်တယ် ကိုကို။ "

ထိုသို့ပြောပြီးလီယို မှ ဂျွန် နှုတ်ခမ်းအားအသာအယာဖိ နမ်းလိုက်ကာ ဂျွန့်အား ဖက်ထားလိုက်လေသည်။

"ကိုလဲ အရမ်းချစ်တယ် ကို့ကလေးပေါက်စလေး။ "

*တိုသွားလို့ ဆောတီးပါဗျ၊စိတ်အခြေအနေသိပ်မကောင်းတော့ အများကြီး မရေးနိုင်ဘူးဖြစ်နေတယ်။ နောက်နေ့တေ‌ွကျရင် ရှည်"လေး upပေး မယ်နော်။

Love U all readers.
author _yuna jeon.

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now