ဓာတ်ပုံထဲကလူ-7

339 21 2
                                    

‌"လီယို...ဘာလို့နောက်ကျနေတာလဲ၊ စားသောက်ပွဲတောင်လုပ်နေပြီ၊ "

"အဲ့တာက... ငါ အိပ်ရာထနောက်ကျသွားလို့ပါ။ "

"ဘာလိုမျက်နှာကြီးနီရဲနေတာလဲ၊ နေမကောင်းဘူးလား။ "

"အာ့...မဟုတ်ပါဘူး၊ ကောင်းပါတယ် ဒီတိုင်း....  CEOလာနေပြီ။ "

CEOမှ

"လာရောက်ကြတဲ့ ဂုဏ်သရေရှိလူကြီးများအားလုံး ကြိုဆိုပါတယ်၊ ဒီနေ့ဝန်ထမ်း စားသောက်ပွဲနဲ့အတူ တစ်နှစ်တာရဲ့အကောင်းဆုံးဝန်ထမ်းကို ထပ်မံရွေးချယ် သွားမှာပါ။  အားလုံးအခုလို ပြုလုပ်ပေးတဲ့စားသောက်ပွဲလေးကိုကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ "

"လီယို... ဒီနှစ်လဲမင်းနှစ်ဘဲထင်တယ်၊ "

"ဟုတ်ပါပြီကွာ၊ အလုပ်ဘဲသေချာလုပ် ဘယ်လိုရလဒ်ဘဲဖြစ်ဖြစ် ငါ တို့လက်ခံရမှာဘဲ။ "

"အမယ် မနေ့က ဝင့်ကြွားနေတဲ့စိတ်တွေ ဘယ်ကို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရတာလဲ၊ ဘယ်သူက စိတ်ထားလေးနူးညံ့အောင် လုပ်ပေးလိုက်တာလဲ ပြောပါအုံး  လီယိုကင်မ်။ "

"ဟာ...မင်းကလဲ ဘာတွေပြောနေတာလဲ၊ ငါ...ငါက ‌ဒီတိုင်းပါဘဲ...."

"အမ်!!!အမ်!!! တချိန်လုံးမျက်နှာကြီးနီရဲနေတာ မပြောတော့ပါဘူး၊ ထပ်ပြောနေရင်မင်းမျက်နှာကြီး မီးပွင့်တော့မယ်၊ အနီရဲလွန်ပြီ။ "

"ဒေးဗစ်... မင်းကတမျိုး ဘာဖြစ်နေတာလဲ။ "

"ငါက တမျိုးဆိုတော့ ဘယ်သူက တမျိုးလုပ်နေလို့လဲကွ။  ဘာလဲ...ရည်းစားရနေပြီပေါ့ ဟုတ်လား။ ဘယ်သူလဲပြောစမ်းပါအုံး။"

"ဒေးဗစ်၊ မင်းကတော့ပြောရင်းပိုဆိုးလာပြီ၊ ဘယ်ကရည်းစားရမှာလဲ၊ ငါ့အလုပ်နဲ့တောင် အချိန်က မလောက်တာ ဘယ်မှာရည်းစားထားဖို့အချိန်ရှိမှာလဲ။ "

"ဟုတ်ပါပြီကွာ၊ စောင့်ကြည့်ရမှာပေါ့။ "

"အေး၊ စောင့်ကြည့်အဲ့မှာတယောက်ထဲ။ "

ထိုနောက် အကောင်းဆုံးဝန်ထမ်းအားကြေညာရန်  CEOမှ စကားစလိုက်လေသည်။

"ဒီနှစ် ရဲ့အကောင်းဆုံး ဝန်ထမ်း အဖြစ်
လီယိုကင်မ်၊ ဂုဏ်ယူပါတယ်။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now