ဓာတ်ပုံထဲကလူ -12

286 16 2
                                    

"လီယိုကမ်.... မင်းဒီနေ့တနေ့လုံးဘာဖြစ်နေတာလဲ။ တနေ့လုံး လက်တုန်ခြေတုန်နဲ့ မျက်နှာတခုလုံးလဲ နီရဲနေတာ၊ နေမကောင်းဘူးလား။"

"ငါ...ငါ ဘာမှ မဖြစ်ပါဘူး၊ နေကောင်းပါတယ်၊ ဒီတိုင်း အိပ်ရေးမဝလို့ပါ။ "

" အိပ်ရေးမဝဘူး၊ ဘာလို့လဲ၊ ညက အိပ်မပျော်ဘူးလား၊ အရင်နေ့တွေကရော အိပ်ပျော်ရဲ့လား။ "

" အိပ်ပျော်ပါတယ်၊ ညက အိပ်တာနည်း" ညည့်နက်သွားလို့ပါ။ "

" မဟုတ်သေးပါဘူး၊ အိပ်ရေးမဝရင် လူကနှုန်းနေရမှာလေ၊ မင်းက ပြာယာခတ်နေတာ၊ အိပ်ရေးမဝတာမဖြစ်နိုင်ဘူး။

" ဟူးး‌ ဒေးဗစ်!! မင်းငါ့ကိုဒီနေ့ စစ်ဆေးမေးမြန်နေတာပြီးအုံး မှာလား၊ အလုပ်မလုပ်ရတော့ဘူးလား။ "

"ငါက စိတ်ပူလို့ပါမင်းကလဲ၊ စိတ်ချည်ဘဲ။ "

" ထားတော့၊ မင်းမနက်ဖြန်ငါ့အိမ်လာလည်မှာဆို လာရင်နဲ့ စားစရာတခုခုဝယ်လာခဲ့၊ အိမ်မှာဘာမှမရှိဘူး။ "

"အေးပါ၊ ငါဝယ်လာခဲ့မယ်။"

"အွန်း အွန်း...."

ရုံးဆင်းချိန်ရောက်သောအခါလမ်း၌

"လီယိုကင်မ်...လီယိုကင်မ် တော်ပါပေတယ်၊ ငါ့ဆီက လုယူနေရတာ ပျော်‌နေတယ်‌ေပါ့၊ ဒါနဲ့မင်း အခုအိမ်မှာ တယောက်ထဲနေတာဆို ဘယ်လိုလဲ တယောက်ထဲနေရတာအဆင်ပြေရဲ့လား။"

" ဂျက် ငါမင်းနဲ့စကားမများချင်ဘူး၊ အရှေ့ကဖယ်ပေးပါ။ "

" အိုးးး နေပါအုံးအလှလေးရဲ့ ကိုက စေတနာနဲ့ပြောတာပါ၊ တယောက်ထဲနေရတာ အဆင်မပြေရင် ကိုက အဖော်အဖြစ်လာနေပေးမလို့ပါ။ ဟားးးဟားးဟားး"

" ဂျက်... မင်းစကားတွေကိုဆင်ခြင်ပြောပါ၊ မင်းပြောနေတာ အတိုင်အတာလွန်နေပြီနော်၊ ငါ မင်းနဲ့ဘာပြသနာမှထပ်မဖြစ်ချင်ဘူး။ "

" ဟက်!!! ငါပြောတာ လွန်တယ်ဟုတ်လား၊ မင်းငါ့ဆီက အကုန်လုယူသွားတာကြတော့မလွန်လွန်းဘူးလားဟမ်!!! "

"မင်း သူဌေးကို ဘာတွေများလာဘ်ထိုးထားတာလဲဟမ် !!!  အာ့နေအုံးနေအုံး ငါသိပြီ.... မင်းရဲ့ ခန္တာကိုယ်လှလှလေးကို ‌သူဌေးဆီ ပေးဆပ်ထားတာလား။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now