ဓာတ်ပုံထဲကလူ -5

462 27 0
                                    

"လီယို....မနေ့ကအိမ်အသစ်ကိုပြောင်းတာ ဘယ်လိုလဲ။ အဆင်ပြေရဲ့လားနေရတာ။ "

"အဆင်ပြေပါတယ်၊ ဘာမှထွေထွေထူးထူးမရှိပါဘူး။ "

"ငါညနေအလုပ်ပြန်ရင် မင်းအိမ်လိုက်ခဲ့မယ်လေ။ မင်း ပစ္စည်းတွေကူသယ်ပေးရင်ပေါ့။ "

"အင်းး၊ ကောင်းပြီလေ၊ လိုက်ခဲ့။ "

ထို့နောက်လုပ်လက်စအလုပ်များအား လက်စသက်နေရင်.....

"မနက်ဖြန် ဝန်ထမ်းစားသောက်ပွဲရှိတယ်၊ အဲ့တာ အကောင်းဆုံးဝန်ထမ်းတွေကိုလည်း ဆုချမယ့်အစီအစဉ်လဲပါပါတယ်၊ ဒီနှစ်ရဲ့အကောင်းဆုံး ဝန်ထမ်းက ဘယ်သူ ဖြစ်မလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြတာပေါ့။ "

" လီယို...ဒီနှစ်ရဲ့အကောင်းဆုံးဝန်ထမ်းက လဲမင်းဘဲ ထင်တယ်။ "

" ငါအကောင်းဆုံးလုပ်ထားတာဘဲ ဆုရရင်တောင်ငါနဲ့ထိုက်တန်ပါတယ်။ "

"ဟုတ်ပါပြီကွာ၊ မင်းကတော့အမြဲအတော်ဆုံးဘဲ။ "

ထိုအချိန် ဂျက်တို့အဖွဲ့ရောက်လာပြီ....

"လီယို.... မင်းပျော်နေတာလား၊ ဒီနှစ်ရဲ့အကောင်းဆုံးဝန်ထမ်းဆု ကိုမင်းဘဲရမယ်ထင်နေတာလား။ ဟားးးးး ဟာသဘဲ မင်းတကယ်ကြီးအဲ့လိုထင်နေတာလား။ "

"ဟျောင့်တွေ....မင်းတို့ပြသနာလာရှာမနေနဲ့ မင်းတို့ လီယိုလောက်တောင် အလုပ်ကိုအကောင်းဆုံးဖြစ်အောင်မလုပ်နိုင်ဘဲ၊ ဘာတွေလာမျှော်လင့်နေတာလဲ။ "

"ဒေးဗစ်... မနက်ဖြန် ရလဒ် ကျမှကြည့်ကြတာပေါ့၊ ငါ ဒီလို လေကျယ်ပြီး အလုပ်နဲ့သက်သေမပြတတ်တဲ့သူတွေနဲ့ စကားဖဲ့‌မပြောချင်ဘူး။ "

ထို့နောက် လီယို တယောက် ဒေးဗစ်အား ခေါ်ကာထွက်သွားလေသည်။

"အေးပေါ့ကွာ....မနက်ဖြန်ကျကြည့်ကြတာပေါ့၊ မင်းဒီလို လေကျယ်နိုင်အုံးမလားဆိုတာ။ "

"လီယို ...မင်းကလဲ ဘာလို့ဘာမှပြန်မပြောတာလဲကွာ။ ဒီကောင်တွေဒီလောက်ပြောနေတာကို။ "

"ဒေးဗစ်...ခွေးလေးခုန်လို့ဖုန်မထဘူး၊ လေဘဲရှိတဲ့ကောင်တွေနဲ့စကားဖဲ့ပြောပြီ ဘာလုပ်ဖို့ငါတို့အချိန်တွေကို အကုန်ခံနေမှာလဲ။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now