ဓာတ်ပုံထဲကလူ-16

292 16 0
                                    

"လီယို.... ဒီနေ့ လီယို့ သူငယ်ချင်းလာမှာဆို... ကို ဘာတွေပြင်ဆင်ပေးရမလဲ။ နေ့လည်စာပြင်ဆင်လိုက်ရမလား။ "

" ရတယ်... ကိုကို ဘာမှပြင်ဆင်မနေနဲ့တော့ သူက အပြင်ကနေတခုခုဝယ်လာမယ်ပြောတယ်။ နောက်ပြီး ကိုကိုပင်ပန်း မှာစိုးလို့ပါ။"

" ဟောဗျာ... ကိုကို့ကလေးလေးက ကိုကို ပင်ပန်းမှာ စိတ်ပူနေတာလား။  ကိုကို က ဒီကပေါက်စလေးအတွက်ဆို ပင်ပန်းတယ်လို့တောင်မတွေးမိပါဘူး။ "

"ဘာဘဲဖြစ်ဖြစ်ပေါ့... ကိုကိုက ပင်ပန်းရမှာဘဲလေ၊ ဘာမှမလုပ်နဲ့...... "

" ဟုတ်ပါပြီ၊ ကိုကိုဘာမှမလုပ်တော့ဘူး၊ ဟုတ်ပြီလား။ "

" ဘေဘီ... မနက်စာစားဖို့ထတော့ ကိုပြင်ထားတယ်၊ ပြီးရင်သူငယ်ချင်း လာတော့မှာ မဟုတ်လား။"

" ဟုတ်ကိုကို...."

ထို့နောက် လီယို လဲ ဂျွန်နဲ့အတူ မနက်စာစားပြီးနောက် သူငယ်ချင်းအလာအား စောင့်နေလေသည်။

ခနကြာသောအခါ ဒေးဗစ်တယောက် ရောက်လာပြီး......

" လီယို.... နေကောင်းရဲ့လား။ "

" ဟမ်... ငါက ဘာဖြစ်နေလို့လဲ။ နေကောင်းပါတယ်။"

" ဟီး... ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်းမေးလိုက်တာ။"

"မင်းကတော့ အထုခံရတော့မယ်။"

ဒေးဗစ် တယောက် တခုခု ကိုမြင်သွားသည့်ဟန်.........

"လီယို..... လီယို.... ဟို..ဟိုမှာ... လူတယောက်..သ...သရဲလား၊ မသိဘူး။"

" ဟားးး သရဲ မဟုတ်ပါဘူးကွ၊ ငါ့ကိုကိုပါ..."

"ကိုကို လာလေ ဒီကို... ကျတော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်၊ "

" ဒေးဗစ်... ဒါ ငါ့ကိုကို လေ၊ ဂျွန်တဲ့......"

" တွေ့ရတာဝမ်းသာပါတယ်၊ ကျတော့်အမည်က ဂျွန်ပါ။ "

"ဟုတ်...ဟုတ် ကျတော်က ဒေးဗစ်ပါ။ ဒါနဲ့နေပါအုံး.... ခဗျားကို တွေ့ဖူးသလိုဘဲ။"

" ဒေးဗစ်တွေ့ဖူးတာ မဆန်းပါဘူး၊ ကျတော်က ဟို အိမ်ရှေ့က ဓာတ်ပုံထဲမှာနေတာလေ။ "

" ဗျာ.....ဒါ..ဒါဆို.... ခဗျား ကသရဲ..တကယ်သရဲပေါ့....."

" ဒေးဗစ်... မင်းကတော့သရဲမဟုတ်ပါဘူးဆိုနေ....."

လီယိုလဲဒေးဗစ်ကို အလုံးစုံပြောပြလိုက်လေသည်။

"အော်...ဒါဆို မင်းကတကယ် ဓာတ်ပုံထဲမှာနေတာပေါ့၊ ကျတော်တကယ် အံ့ဩ သွားတာ။ "

" ဘာဘဲဖြစ်ဖြစ်ပါ ကျတော့်သူငယ်ချင်း ကို သေချာလေးဂရုစိုက်ပေးပါနော်။ ကျတော့်သူငယ်ချင်းချောချောလေး ရည်းစားရသွားတော့ ငိုတောင်ငိုချင်လာပြီ။"

" ဒေးဗစ်... မင်းကတော့ပိုပြီ.... ငါ့ဆီမှာအခု မင်းရယ်၊ ငါ့ကိုကိုရယ် နှစ်ယောက်တောင်ရှိတာ ငါကတော့အရမ်းပျော်တယ်။"

"အေးပါကွာ... မင်းပျော်တယ်ဆို ငါလဲပျော်ပါတယ်။"

"ဟားးးးးး ဟုတ်ပါပြီကွာ။"

သုံးယောက်သာ စကားစမြည် ပြောနေကြရင် ရယ်လိုက်မောလိုက်နှင့် အမှန်တကယ် ပျော်စရာကောင်းနေပေသည်။

_yuna Jeon. တိုသွားလို့ မီး :(

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now