ဓာတ်ပုံထဲကလူ-2

556 31 0
                                    

လီယိုလည်း အိမ်မှ အဝတ်အစားများနှင့်လိုအပ်သည်များယူ၍ ဦးလေး၏ အိမ်ကြီးဆီသို့ထွက်လာလေသည်။

အိမ်ကြီးဆီသို့ရောက်သောအခါ......

" wow!!!! အိမ်ကြီးကလည်းအကြီးကြီးဘဲ.... တယောက်ထဲနေရမှာတော့ ကြောက်စရာကောင်းပေမဲ့၊ ငါ့လိုတယောက်ထဲနေရတာ သဘောကျတဲ့သူအတွက်တော့ တကယ်မိုက်တယ်။"

ထို့နောက် လီယိုလည်း အိမ်ကြီးထဲဝင်သွားလေသည်။ ဝင်သွားသည်နှင့် တပြိုင်နက် ဧည့်ခံမဆောင်ကြီး ဆီ၌ ဝံ့ကြွားစွာတည်ရှိနေသော ဓာတ်ပုံ တစ်ခု ....ထူးခြားသည်က ထိုဓာတ်ပုံထဲကလူ.... ခန့်ညားပြီး ကျက်သရေရှိလှသောမျက်နှထားနှင့် ဩဇာ ကိတ္တမနှင့်ပြည့်စုံ လွန်းလှသည်။ 

လီယိုတယောက် ထိုဓာတ်ပုံအားအတော်တန်ကြာအောင်စိုက်ကြည့်နေမိသည်မှာ အချိန်အတော်ကြာသွားလေသည်ကိုတောင်သတိမထားမိခဲ့ပေ။ ထိုအချိန်ဘယ်ကမှန်းမသိ "ဟိတ်ကောင်လေး"ဆိုသောအသံကြောင့်ဘေဘီ ကို လှည့်ကြည့်မိပေမဲ့ ဘာကိုမှတော့မတွေ့ပေ။

" ဘာလဲဟ၊ ငါနားကြားမှားတာဘဲနေမှာပါ၊ ဒီမှာငါတယောက်ထဲရှိနေတာကို ငါလည်းတကယ်ဘဲ ခုထဲကဂယောင်ခြောက်ခြားတွေဖြစ်နေပြီ။"

ထို့နောက်လီယိုလည်း... အိမ်ကြီးထဲလှည့်ပါတ်ကြည့်ပြီနောက် အခန်းထဲသို့ဝင်သွားပြီးအနားယူရန်ပြင်ဆင်လေတော့သည်။

"ဟူးးးး တနေ့လုံးပင်ပန်းလိုက်တာ.... ၊ ဒီညတော့ကောင်း"အနားယူပစ်ရမယ်။"

ထို့နောက်လီယိုလည်း ရေချိုးရန်ပြင်ဆင်လေတော့သည်၊ ထိုအချိန် အခန်းအပြင်မှလမ်းလျှောက်သောအသံကြားသောကြောင့် လှမ်းကြည့်မိလိုက်သောအခါ... အခန့်ရှေ့တွင်ရပ်နေသောလူရိပ်တခု....

"ဘယ်သူလဲ၊ ဘယ်သူလဲလို့မေးနေတယ်လေ..... "

လီယိုတယောက် အော်မေးနေပေမဲ့ ဘာအသံမှပြန်မလာပေ။ ထိုနောက်အခန်းတံခါးဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီ... အခန်းတံခါးရှိရာသို့ဦးတည်လျှောက်လာလေသည်။

တိတ်ဆိတ်နေသောအိမ်ကြီးထဲတွင် ခပ်ဖွဖွလျှောက်နေသော လီယို၏ ခြေသံမှလွဲ၍ ဘာအသံမှမကြားရပေ။ လီယိုတယောက် ကြောက်စိတ်များကိုထိန်းထားပေမဲ့... ကြက်သီးမွှေးညင်းများကတော့ ထနေဆဲပင်။ အခန်းရှေ့က ထိုအမည်မသိသူကလည်း ခုထိတဖဝါးမှမရွေ့ပေ။ ပိုဆိုးသည်က ဘာအသံမှပြန်မပြုချင်ပင်။

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now