ဓာတ်ပုံထဲကလူ-4

421 25 0
                                    

"လီယို...လီယို ထတော့လေ၊ မနက်တောင်မိုးလင်းနေပြီ။ " အိပ်ပုတ်လေး အလုပ်သွားရအုံးမယ်မဟုတ်ဘူးလား။ "

လီယိုလဲမျက်လုံးဖွင့်ကြည့်လိုက်သောအခါ နီးကပ်နေသော မျက်နှာနှင့်အတူဝိုင်းစက်နေသောမျက်လုံးတစ်စုံ...ဒီမျက်လုံးဝိုင်းလေးတွေကို အကြည့်လွှဲဖို့မကြိုးစားမိနိုင်ခဲ့ပေ။

"လီယို....ဘာတွေစဉ်းစားနေတာလဲ၊ထတော့လေ အလုပ်သွားရအုံးမယ်လေ။"

"အာ့!!! ဟုတ်...ဟုတ်တယ်၊ အလုပ်သွားရအုံးမယ်၊ ထတော့မယ်။ "

"ဟုတ်ပြီ" ထတော့ ပေါက်စ။ "

"ဟမ်!!! ဘယ်သူကပေါက်စလဲ၊ "

"ဘယ်သူကမှာလဲ၊ မင်းလေလီယိုရဲ့...."

"ဘယ်သူကပေါက်စလဲ၊ သူ့ကြည့်တော့ ယုန်ရုပ်နဲ့ သူကမှတကယ်ပေါက်စအစစ်ကို ဘယ်ကိုလာပြီး ပေါက်စလာခေါ်နေတာလဲ။ "

" အမလေးဗျာ၊ စွာစိကိုလန်နေတာဘဲ....ကိုက ဒီတိုင်းခေါ်လိုက်တာပါ။ "

"နေပါအုံး၊ ဒါနဲ့ မင်း ငါ့အခန်းထဲဘယ်လိုဝင်လာတာလဲ၊ ငါအခန်းတံခါးလော့ချထားတယ်လေ။ "

"ကို ပြောတယ်လေ၊ ဒီထက်ပိုတောင်လုပ်နိုင်သေးတယ်၊ လုပ်ပြရမလား။ "

ထိုသို့ပြောပြီး လီယို့အနားသို့ကပ်လာသော ဂျွန်....

"မင်းး...မင်း ဘာလုပ်မလို့လဲ၊ ဘာလို့အနားကပ်လာတာလဲ။ "

ထို့နောက် လီယို ဆံပင်ပေါ်က အမှိုက်စအားဖယ်ပေးလိုက်ပြီး

"ဒီမှာလေ....ခေါင်းမှာ အမှိုက်ကပ်နေတယ်၊ အဲ့တာဖယ်ပေးတာ။ "

"ဟူးးးတော်ပါသေးရဲ့..."

"ဘာပြောတာလဲ လီယို...."

"မင်းကိုပြောတာမဟုတ်ဘူး၊ ငါအလုပ်သွားဖို့ပြင်ဆင်တော့မယ်၊ မင်းအခန်းအပြင်ထွက်တော့။ "

"ကောင်းပါပြီ၊ ကိုအပြင်ကစောင့်နေမယ်၊ မနက်စာလဲ ပြင်ထားပေးမယ်။ "

"မင်းက ဒါလဲတတ်တာဘဲလား။ "

"ဘာလဲ၊ လီယို က မယုံလို့လား၊ ကို မနက်စာသေချာပြင်ပေးထားမယ်၊ မြန်မြန်ပြင်ဆင်ပြီးဆင်လာခဲ့။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now