19(end)

588 20 0
                                    

လီယို တယောက် မနက်မိုးလင်းလာသောအခါ ဂျွန့်အားမတွေ့သဖြင့် လိုက်ရှာလေရာ၊ အိမ်အောက်ထပ် ထမင်းစားပွဲပေါ်၌ တင်ထားသော စာတစောင်နှင့်အတူ မနက်စာ များ။

လီယိုလဲ စာကိုဖွင့်ကြည့်လိုက်သောအခါ

စာထဲ၌>>>

"လီယို၊ ကို့မပြောဘဲ ထွက်သွားမိတာ တောင်းပန်ပါတယ်။ ကိုတို့ကြားမှာ မသေဆုံးနိုင်တာ ကိုတို့ကြားက အမှတ်တရတွေဘဲရှိတယ်၊ လီယို ဘဝကို အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါနော်၊ ကို ဒီည ၁၂နာရီ အတိမှာပြန်လာခဲ့မယ်၊ လီယိုကို့ကို တွေ့နိုင်မယ့်နေရာက ဧည့်ခန်းထဲက ဓာတ်ပုံထဲမှာပေါ့။ "

လီယို တယောက်စာအား ဖတ်ပြီးသောအခါ>>>

"မဟုတ်ဘူး၊ မဟုတ်ဘူး ဂျွန် အဲ့လိုမလုပ်ပါနဲ့၊ ဘယ်ချိန်ထိ ကိုယ့်ကိုကိုယ့်ကို ပေးဆပ်မှုတွေနဲ့ နေမလိုလဲ၊ ကျတော် ဘာပြောရမှန်းမသိတော့ဘူး၊ ဂျွန်မရှိဘဲ ကျတော် ဘယ်လိုဆက်ရှင်သန်ရမလဲဗျာ။  ကျတော်တို့ချစ်လို့မရတာ၊ ဂျွန်က
ဓာတ်ပုံထဲကလူဖြစ်နေလို့လား၊ မဟုတ်ဘူးဂျွန်၊ ကျတော် ဂျွန့်ကို ချစ်တယ်၊ ဂျွန်လဲကျတော်ကိုချစ်တယ်လေ၊ ဒါဆိုရပြီဘာမှထပ်မလိုတော့ဘူးလေဗျာ။ "

လီယို ပြောလဲပြော ကြမ်းပြင်ပေါ် ဒူးထောက်ချကာ ငိုကြွေးနေလေတော့သည်။
ထိုမြင်ကွင်းအားမလှမ်းမကမ်းမှကြည့်နေသူကာ ဂျွန်နသန်။

ဂျွန်ရဲ့ အမည်အပြည့်အစုံက ဂျွန်နသန်ပါ၊ လီယို့ကို အမည်အပြည့်အစုံပေးမသိခဲ့တာက စစချင်းထဲက လီယို့ကို ချစ်မိနေတာကြောင့် ပေးမသိခဲ့တာပါ။

(အစီအရင်က ဝိညည် စတေးပေးမဲ့သူက ဝိညည် စားသုံးရမယ့်သူရဲ့ အမည်အရင်းကို မသိဘဲ လုပ်လို့မရတာပါဘဲ။ ဒီ ကိစ္စကို   ဂျွန်နှင့် ဂျွန်၏ အဖေမှ လွဲ၍ ဘယ်သူမှ မသိပေ။ )

"လီယို...ကို တောင်းပန်ပါတယ်၊ ကိုမင်းကို လုံးဝ မစတေးနိုင်ဘူး၊ ကိုရင်ကွဲပြီ သေရလိမ့်မယ်။ ကို့အတွက် လီယိုက အများကြီးအရေးပါတဲ့သူပါ၊ လီယိုရဲ့ ဘဝကို
ကို့အတွက်စတေးပေးဖို့ မထိုက်တန်ပါဘူး။ ကို့ကို ခွင့်မလွှတ်ပါနဲ့ ကိုကလေးငယ်။ "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now