ဓာတ်ပုံထဲကလူ -6

341 24 2
                                    

"လီယို ...မငိုနဲ့တော့နော်။ လာ အခန်းထဲသွားပြီးအနားယူတော့၊ မနက်ဖြန်အလုပ်သွားရအုံးမယ်မဟုတ်လား။ "

ထိုအခါလီယိုလဲ...

"အာ့...ဆောတီးငါ ...ငါ အရမ်းငိုမိသွားတယ်၊ ဒါပေမဲ့ ငါ ဒီတခါငိုတာ သက်တောင့်သက်သာရှိတယ်လို့ခံစားရတယ်၊ မင်း ဖက်ထားပေးလို့ထင်တယ်။ "

လီယို သူ့ဘာသာပြောပြီး ရှက်သွားသောကြောင့် မျက်နှာတစ်ခုလုံးနီရဲလာပြီး၊

"ငါ..ငါအခန်းထဲသွားတော့မယ်၊ မင်းဘာပြောစရာရှိသေးလဲ။ "

"မရှိတော့ဘူး၊ လီယို... ကောင်း"အနားယူနော်။ "

"မင်းကလဲ၊ တုံးတိကြီး ဘာမှပြောစရာမရှိဘူးတဲ့ ဟွန်းးး ဘယ်လိုလူကြီးမှန်းမသိဘူး။ "

ထိုသို့ပြောပြီး လီယိုတယောက် နှုတ်ခမ်းဆူကာ ထွက်သွားလေသည်။

ဂျွန်ကတော့

"အားးး ဒီကောင်လေး လူကို စိတ်ဆွနေတာဘဲ၊ မနည်းထိန်းထားရတဲ့စိတ်ကို..."

လီယိုမှလှေကားနားမှနေ၍

"ညစာအခုအတူစားကြမလား၊ ငါဗိုက်နည်းနည်း ဆာလာပြီ "

"အာ့...ညစာလား၊ စားကြမယ်လေ။ "

"ငါ...ငါပြောတာ မင်းပြင်ပေးထားတဲ့ညညစာကိုပြောတာ"

"အင်းးလေ ကိုလဲအဲ့တာဘဲပြောတာ လီယိုက ဘာစားချင်လို့လဲ။ "

"ဟမ်!!! ငါ က မင်းပြင်ပေးထားတဲ့ညစာစားမယ်ပြောတာလေ၊ မင်းဘာသာ အထင်လွဲနေပြီးတော့။ "

"ကိုကလား၊ ကိုအထင်လွဲတယ်လို့ လီယိုက ဘယ်လိုသိလဲ။ "

"အဲ့...အဲ့တာက ..."

အနားသို့ကပ်လာသော ဂျွန်ကြောင့် လီယိုအနောက်ကိုဆုတ်သွားရင် နံရံနှင့်ကျောပြင်ကပ်သွားလေသည်။

ထို့နောက် သူ့ရှေ့မှနေ၍ နံရံအားလက်နှင့်ထောက်ကာ လီယိုအား ပိတ်ထားလိုက်သောဂျွန်...

"အဲ့တာက ဘာဖြစ်လဲ၊ ဆက်ပြောလေ ‌ပေါက်စလေး"

"ဟမ်!!!ဘယ်သူကပေါက်စလဲ၊ ခေါ်ပြန်ပြီးပေါက်စလို့ မင်းသာပေါက်စလေး ယုန်နဲ့တရုပ်ထဲ ဟွန်း "

ဓာတ်ပုံထဲကလူ (completed)Where stories live. Discover now