Part 1

19.1K 296 8
                                    

Normal #Fiction Name -

#ကိုလူချောရဲ့ပင်တိုင်စံ

Author - #ဆာရာမူး

အဓိကဇာတ်ကောင်များ -
ကိုလူချော (ဘုန်းကြီးလူထွက်)
ပင်တိုင်စံ (အဆိုတော်)

📌 Second Edition

💮💮💮💮💮💮💮💮💮💮💮

အပိုင်း ၁

မြင်းခြံမြို့နယ် 'ကုန်းသာရွာ'
ရွာဦးကျောင်း

ဆရာတော်ဦးခေမာ ကျောင်းပေါ်မှာနေမထိထိုင်မသာဖြစ်နေသည်။တစ်ပါးတည်း ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လျက် ကိုရင်စန္ဒောအကြောင်းစဉ်းစားနေ၏။

"ဟဲ့...ကိုရင်စန္ဒောကို မနက်ကတည်းကမမြင်မိဘူး...."

"...ရွာတောင်ပိုင်းက ကိုသာဦးတို့နဲ့ မြို့တက်ပြီး လက်ဝှေ့ပွဲသွားကြည့်တယ်ဘုရား..."

"တယ်...ဒီစန္ဒောနဲ့လည်းခက်ပါတယ်...."

အနားရှိကိုရင်လေးတစ်ပါးက ဖြေလိုက်တယ်ဆိုလျှင်ပဲ ဦးခေမာဒေါသူပုန်ထပြီး တိုင်မှာထောင်ထားသည့်ကြိမ်လုံးကိုသွားယူတော့သည်။ကိုရင်စ‌န္ဒော လက်ဝှေ့ပွဲသွားကြည့်တယ်လို့အသံကြားသည်နှင့်ကို ဆရာတော်ဘုရားမှာ စိတ်မအေးနိုင်တော့ပေ။

ဆရာတော်အနေဖြင့် စိတ်မအေးနိုင်စရာအကြောင်းအရင်းကလည်း ရှိထားသည်။ထို့ကြောင့် ကိုရင်ပြန်မလာမချင်း တရားလည်းမမှတ်နိုင်။အာနာပါနလည်းမရှုနိုင်။

နေ့ဆွမ်းဘုဥ်းပေးပြီးချိန်မှပဲ ကိုရင်စန္ဒောတစ်‌ပါး ချွေးတလုံးလုံးနှင့်ပြန်ရောက်လာသည်။ကျောင်းပြန်ရောက်ရောက်ချင်း ဆရာတော်ဘုရားကို ဝတ်ဖြည့်ပူဇော်၏။

"ဘုန်းဘုန်း တပည့်တော်ကိုခေါ်တယ်ဆိုလို့ဘုရား...."

ဆရာတော်ဦးခေမာ အနီးရှိကြိမ်လုံးကိုကောက်ကိုင်ပြီး ထရပ်သည်။

"...အေး ဒါကျွေးမလို့ခေါ်တာ..ဖြန်း...ဖြန်း...."

ကြိမ်နှင့်ကိုရင့်တင်ပါးကို နှစ်ချက်ဆင့်ချသည်။

"...အား….ကြောက်ပါပြီဘုရား..."

ကိုရင်စန္ဒော၏ငယ်သံပါအောင်အော်သံက ကျောင်းဆောင်တစ်ဝန်းလုံး ကျယ်လောင်စွာထွက်ပေါ်လာသည်။ကျောင်းအောက်မှာ ပြူတစ်ပြူတစ်ဖြင့်ချောင်းနေကြသည့် ကိုရင်ပေါက်စလေးများမှာလည်း ကြည့်သာကြည့်နေရသည်။ကြောက်သေးပါသူက ပါနေပြီ။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now