အပိုင်း - ၁၅
လူချော ဒီနေ့ ပင်တိုင်စံ့ကိုစတူဒီယိုသို့လိုက်ပို့ရသည်။ကားမောင်းနေစဉ် ဖုန်းမြည်သံကြားရသဖြင့် နားမှာတပ်ထားသည့်နားကြပ်ကိုထိလိုက်၏။
“ဟဲလို….”
“ဘော့စ်…ကျွန်တော်ပါ…..”
“အေး….”
ညီထူးဆီမှဖုန်းဖြစ်၏။
“…ဖုန်းပြောလို့ရလား ဘော့စ်….”
“….အရေးမကြီးရင် ခဏစောင့်…နောက်ထပ် ၅ မိနစ်လောက်နေရင် ငါပြန်ခေါ်မယ်…”
“Yes Boss…”
💮💮💮💮💮💮💮💮💮💮💮
ပင်တိုင်စံနှင့်လေးနွယ်ရုံ စတူဒီယိုထဲဝင်သွားသည်နှင့် သူ ညီထူးဆီကိုဖုန်းပြန်ခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲ….”
“--------- အဲဒီကုမ္ပဏီက လူတစ်ယောက်လိုချင်လို့တဲ့..ဘော့စ်….”
“အခြေအနေ….”
“..ကျွန်တော်စုံစမ်းရသလောက်ကတော့ ဟိုက်ဘော့စ်ထဲကပါပဲ….ငွေမဲမကိုင်ဘူး….”
“သေချာလား…..”
“သေချာတယ်ဘော့စ်..ကျွန်တော် 'ရန်ရှင်း'ကိုလွှတ်ဖို့ရွေးထားတယ်....လူဟောင်းဆိုလို့ သူပဲကျန်တော့တာ..ကျန်တာတွေက ထရိန်နင်မပြီးကြသေးဘူး…..”
ညီထူးပြောတာလည်း အမှန်ပင်။သူကိုယ်တိုင်လေ့ကျင့်ပေးခဲ့ပြီးသားတပည့်များအားလုံးမှာ လုပ်ငန်းခွင်ဝင်သွားကြပြီ။ရန်ရှင်းတစ်ယောက်သာ ကျန်နေခဲ့၏။
“အေး ရန်ရှင်းက စိတ်ချရတယ်..လက်ရည်လည်း မဆိုးဘူး……”
“Yes Boss…”
“ဒါပဲလား..ဘာရှိသေးလဲ…..”
“မရှိတော့ဘူးဘော့စ်..ဒါနဲ့..စာချုပ်က….”
“ဒီတစ်ခေါက်မင်းပဲသွားလိုက်တော့…ငါ့မှာအစီအစဉ်တစ်ခုရှိတယ်..ဒီကရှေ့လျှောက် မန္တလေး Handsome Group အတွက် မင်းနာမည်နဲ့ပဲစာချုပ်ချုပ်ရမယ်….”
“Yes Boss…..”
ညီထူးဖုန်းချသွားသည်နှင့် သူ လိုင်းပေါ်တက်ခဲ့သည်။အခုရက်ပိုင်းမှာ သူ ရန်ကုန်မှာပဲခြံဝန်းကျယ်ကျယ်ရနိုင်မည့် မြေနေရာတစ်ခုကိုရှာနေ၏။သူ့လုပ်ငန်းကို ဒီမှာထပ်ပြီးတိုးချဲ့ဖို့ စဉ်းစားထားသည်။ညီထူးသာ မန္တလေးကလုပ်ငန်းကိုကောင်းကောင်းဦးစီးနိုင်မည်ဆိုလျှင် သူကရန်ကုန်ကိုဦးစီးမည် စိတ်ကူးထားသည်။
ESTÁS LEYENDO
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasía"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."