အပိုင်း - ၁၃
ရှိုးပွဲပြီးနောက်တစ်နေ့မှာပဲ စံတို့ ရန်ကုန်ကိုပြန်ခဲ့ကြသည်။မနေ့ညကရှိုးပွဲတွင် စံ့ကိုအအေးဘူးနှင့်ပေါက်သည့်ကိစ္စမှာ fb ပေါ်ချက်ချင်းပဲပျံ့နှံ့သွားခဲ့သည်။ဒယ်ဒီနှင့်မာမီကလည်းစိတ်ပူပြီး သူမဆီဖုန်းတဂွမ်ဂွမ်ဆက်လှပြီ။
“မစံ အန်ကယ်ကဘာပြောသေးလဲ….”
လေယာဉ်အထူးတန်းတွင် သူမဘေးနားထိုင်နေသည့် နွယ်ရုံကမေးလာ၏။
“မနေ့ညကကိစ္စကို စိတ်ပူတာပေါ့ဟာ....လုပ်တဲ့သူကိုမိလိုက်လားဘာညာပေါ့…..”
“…နွယ်ရုံလည်း အဲဒါကိုစဉ်းစားလို့ကိုမရတာ...မစံက ဘယ်သူနဲ့မှလည်းပွဲမဖြစ်ဖူးပါဘူး…..”
“…လူတိုင်းကို ကိုယ်လိုတွက်လို့တော့မရဘူး နွယ်ရုံ….ငါ့ကိုကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်တာပဲလေ….”
နှစ်ယောက်သား ပြောစရာစကားမရှိဘဲ တဒင်္ဂနှုတ်ဆိတ်သွားကြပြန်သည်။တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက နွယ်ရုံဖြစ်၏။
“ဒါနဲ့ မစံ….မစံနဲ့ကိုလူချော မနေ့ညက ဘာဖြစ်ကြတာလဲ….နှစ်ယောက်စလုံး စကားလည်းမပြောကြဘူး….”
နွယ်ရုံ မေးလိုက်တယ်ဆိုလျှင်ပဲ စံ မနေ့ညကအကြောင်းအရာကိုတွေးမိပြီး ပါးလေးတွေရဲသွား၏။
“အယ်…အယ်…မစံ…ဒါက ရှက်တဲ့ပုံစံပေါ့လေ…ပြော…ပြော….ဘာဖြစ်တာလဲ….”
“ဘာမှမဖြစ်ပါဘူးအေ…အသာနေစမ်းပါ…..”
စံ့မှာ အစစအရာရာနွယ်ရုံ့ကိုတိုင်ပင်တတ်သော်လည်း အခုကိစ္စမှာတော့ စံကစပြီးနမ်းလိုက်ခြင်းဖြစ်၍ နွယ်ရုံ့ကိုပြောပြရမှာဝန်လေးနေသည်။ကိုကြီးက ဒီနေ့မနက် ဟိုတယ်မှာစံ့ကိုလာခေါ်သော်လည်း တစ်ချက်လေးမှမကြည့်ပေ။သူ့မျက်နှာကြီးကတည်တင်းနေသဖြင့် စံ သူ့ကိုအရင်လိုစကားမစရဲအောင်ရှိနေသည်။
သူမအနောက်ဘက်အတန်းရှိခုံမှာထိုင်နေသည့်ကိုကြီးကို စံ လည်ပင်းလေးလိမ်၍ကြည့်လိုက်သည်။ကိုကြီးကမျက်လုံးကိုဇွတ်အတင်းဖိပိတ်ထားပြီး နောက်ကိုမှီထားသည်။သူအိပ်နေတာ မဟုတ်မှန်း စံသိပါသည်။'ဘုန်းကြီးလူထွက်တရားမှတ်နေတာပဲနေမှာ'....ဟု စံ ပွစိပွစိရေရွတ်ပြီး သူ မမြင်နိုင်မှန်းသိပေမဲ့ မျက်စောင်းလေးထိုးလိုက်မိသည်။
BINABASA MO ANG
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."