အပိုင်း -၁၈
ဒီတစ်ခေါက်မန္တလေးဆင်းမည့်ခရီးစဥ်မှာ ကားနှင့်ဖြစ်သည်။
ဒယ်ဒီက စံတို့ကိုလေယာဉ်နှင့်သွားစေချင်သည်။ဒါပေမဲ့ ကိုကြီးကစံတို့သွားမည့်ခရီးစဉ်ကို မီဒီယာတွေသိသွားပါက မလွတ်လပ်မည်စိုး၍ ကားနှင့်သာသွားဖို့စီစဉ်ခဲ့၏။ခရီးလမ်းတစ်လျှောက် ကိုကြီးကသူတစ်ယောက်တည်းမောင်းခဲ့သည်။လမ်းမှာ နွယ်ရုံကသူတစ်လှည့်မောင်းဖို့ပြောပေမဲ့လည်း ကိုကြီးက စံတို့ကိုအေးအေးသက်သာလိုက်စေခဲ့ပါသည်။
မန္တလေးဝင်ကာနီး တံတားဦးအဝိုင်းနားအရောက်တွင် လူချော နောက်ကြည့်မှန်မှတစ်ဆင့် ပင်တိုင်စံကိုကြည့်လိုက်၏။
“အရင်တခါတည်းတဲ့ Grand Park Hotel ကိုပို့ပေးရမှာလား…..”
“မဟုတ်ဘူးလေကိုကြီး……စံက ဒီတစ်ခေါက် ဟိုတယ်မှာမတည်းဘူး...ကိုကြီးအိမ်မှာတည်းမှာ……”
ကောင်မလေးအဖြေကြောင့် လူချော မျက်လုံးတွေပြူးသွား၏။
"မဖြစ်ဘူးလေ…..”
“ဘာလို့မဖြစ်ရမှာလဲ ကိုလူချောရဲ့…..နွယ်ရုံလည်းပါတာပဲ…..ဟိုတယ်မှာတည်းဖို့အစီအစဉ်ရှိမှဖြင့် အစကတည်းကလေယာဉ်နဲ့လာမှာပေါ့…..”
“အင်းလေ….ကိုကြီးကလဲ…..”
မချောနှစ်ယောက် အတိုင်အဖောက်ညီနေသဖြင့် သူအကျပ်ရိုက်သွားသည်။သူတို့ပေးသည့်အကြောင်းပြချက်ကလည်း ကျိုးကြောင်းဆီလျော်မှုရှိ၍ သူ မငြင်းသာတော့ပဲ ကားကိုအချက်ပြမီးဖွင့်ပြီး လမ်းဘေးထိုးရပ်လိုက်၏။
“အဲဒါဆို ဖုန်းခဏဆင်းပြောဦးမယ်……ဟိုတယ်မှာတည်းမယ်ထင်လို့ ဘာမှမစီစဉ်ခိုင်းထားဘူး….”
သူမတို့ကိုပြောပြီးနောက် သူကားပေါ်မှဆင်းပြီး ညီထူးဆီဖုန်းဆက်လိုက်သည်။
“ဟဲလို….”
“Yes Boss…ဘယ်ရောက်နေပြီလဲ….”
“တံတားဦးအဝိုင်းမှာ…..ငါပြောမယ်…..ငါ့အခန်းကို သေချာသန့်ရှင်းရေးလုပ်ထား…..အပြင်မှာ ငါထားခဲ့တဲ့ပစ္စည်းတွေအကုန် ဗီရိုထဲစုထည့်... သော့ခတ်…..စာရွက်တိုတစ်စကအစ မကျန်စေနဲ့….မွေ့ရာ၊စောင်၊ခြင်ထောင် အကုန်အသစ်ထုတ်….”
VOUS LISEZ
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."