အပိုင်း - ၂၆
အိမ်မှစထွက်စဉ်မှာတော့ ဒယ်ဒီရိုက်ချင်ရိုက်ဆူချင်ဆူ လုပ်ချင်ရာလုပ်မည်
ဆိုသည့်စိတ်နှင့်ထွက်လာခဲ့သည်။တကယ်တမ်းအိမ်ပြန်ရောက်တော့ အိမ်ထဲလှမ်းဝင်ဖို့ကိုတောင် သူမ မဝံ့မရဲဖြစ်မိသည်။သို့သော် ဧည့်ခန်းထဲမှာဒယ်ဒီနှင့်မာမီကိုမတွေ့ရပေ။
“နွယ်ရုံ….ဧည့်ခန်းမှာ ဒယ်ဒီတို့လည်းမရှိဘူး…..”
“အခန်းထဲဝင်သွားပြီနေမှာ….အချိန်လည်းကြည့်ဦးလေ ၉ နာရီတောင်ထိုးတော့မယ် မစံရဲ့….”
နွယ်ရုံပြောတာလည်းမှန်သည်။သူမတို့အိမ်ပြန်ရောက်ချိန်မှာ ည ၉ နာရီနားကပ်နေချေပြီ။ကိုကြီးနှင့်အတူရှိနေရ၍ အချိန်ကုန်လို့ကုန်မှန်းတောင်မသိခဲ့ပေ။
“လူမမြင်ရတော့ တစ်မျိုးကြီးဟဲ့နွယ်ရုံရဲ့…”
“လုပ်တုန်းကလုပ်ပြီး အခုမှကြောက်နေတာလား……”
“အဲဒါညည်းကြောင့်လေ….ငါစောင့်နေတာကြာလှပြီ…ဖုန်းဆက်မှပဲပြန်လာတော့တယ်…..”
“မစံတို့ အရှိန်ပျက်မှာစိုးလို့….”
“ကောင်မစုတ်လေး…..”
စံ နွယ်ရုံ့ကိုရှက်ရှက်နှင့်လက်သီးဖြင့်လှမ်းထုလိုက်၏။နှစ်ယောက်သား အပေါ်မတက်ဘဲ တွတ်ထိုးနေစဥ် ဒယ်ဒီဆင်းလာသည်။
“….စံစံ…ပြန်လာပြီလား….”
“ဟုတ်…ဟုတ်ကဲ့…ဒယ်ဒီ…..”
ဒယ်ဒီက သူမကို အပြောင်းအလဲတစ်စုံတစ်ရာမရှိ ရိုးရိုးရှင်းရှင်းပဲနှုတ်ဆက်သည်။
“သမီးဒယ်ဒီက နွားနို့သောက်ချင်တယ်ဆိုလို့ ဆင်းလာတာ...သမီးရောသောက်ဦးမလား….”
ဒယ်ဒီ့နောက်မှဆင်းလိုက်လာသည့် မာမီ့စကားကြောင့် စံ့ရဲ့စိုးရိမ်မှုလေးတွေအနည်းအကျဉ်းပြေလျော့သွားသည်။ကြည့်ရတာ ဒယ်ဒီနှင့်မာမီ သူမကိုအပြစ်ဆိုချင်ဟန်မတူ။
"စံ နွားနို့သောက်ဦးမလား..."
“မသောက်တော့ဘူးမာမီ…”
“အေး…အေး…သွားနားကြတော့လေ….”
“ဟုတ်….ဟုတ်….”
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."