အပိုင်း - ၁၄
*ဒေါက်….ဒေါက်..ဒေါက်
တံခါးခေါက်သံကြားမှ ချောတစ်ယောက် အတိတ်ကအတွေးတွေထဲမျောနေမိတာ ကိုယ့်ကိုယ်ကိုယ်သတိထားမိလာသည်။ဆံပင်ရှည်ကို ဆံညှပ်နှင့်ညှပ်ပြီး အခန်းတံခါးကိုသွားဖွင့်ပေးလိုက်၏။တံခါးမှာရပ်နေသူက သုတဖြစ်သည်။
“သုတ…..”
“ချော မင်း ဘာဖြစ်နေတာလဲ……”
သုတက သူမကိုမြင်သည်နှင့် မျက်ခုံးများကိုတွန့်ချိုးလျက် ဘုဆတ်ဆတ်စကားဆိုလာသည်။
“…ဘာဖြစ်ရမှာလဲ သုတ…. ရှင်လုပ်ထားတဲ့ကိစ္စ ရှင်သိမှာပေါ့….”
“ရှင်းရှင်းပြောကွာ…ရှုတင်မှာပင်ပန်းလာရတဲ့အထဲ ငါ့ကိုလာကျပ်မနေနဲ့…..”
သုတက စိတ်ရှုပ်စွာပြောရင်း ဆိုဖာမှာဝင်ထိုင်သည်။
“..ရှင်..ရန်ပုံငွေရှိုးပွဲမှာ ကျွန်မကိုဆိုခွင့်ရအောင်ကူညီပေးမယ်ဆိုပြီး ဘာတစ်ခုမှလုပ်မပေးခဲ့ဘူး….”
“..ငါလည်း ငါတတ်နိုင်သလောက် ငါ့ဘောင်ထဲကနေလုပ်ပေးခဲ့တာပဲ...မင်းကိုကစံ့ကိုမကျော်နိုင်တာတော့ ငါလည်းမတတ်နိုင်ဘူး….”
“..ရှင် ဘာစကားပြောတာလဲသုတ…”
သုတစကားက ချောကိုဆတ်ဆတ်ခါနာသွားစေသည်။
“…ကြားတဲ့အတိုင်းပဲ….”
“..ချောက ရှင့်ချစ်သူနော်….”
“အေး…အဲဒါကြောင့်လည်း ငါဒုက္ခရောက်နေတာပေါ့….”
“ဘာ….”
“ကျွတ်…မင်းပြောစရာမရှိရင် ငါပြန်တော့မယ်….”
သုတက ချက်ချင်းဆိုသလိုပဲ ဒေါနှင့်မောနှင့်ပြန်ထွက်သွားသည်။သူမဒေါသဖြစ်လွန်းသဖြင့် သုတကိုဘာစကားတစ်ခွန်းမှမချေပနိုင်ဘဲ ကြောင်အပြီးကျန်နေခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
စံ ရန်ကုန်ကိုပြန်ရောက်ကတည်းက အပြင်မထွက်ဖြစ်သည်မှာတစ်ပတ်ရှိပြီ။ထွက်စရာအကြောင်းလည်း မရှိ။စံအလုပ်မရှိတော့ ကိုကြီးမျက်နှာကိုမပြောနှင့် အရိပ်တောင်မမြင်ရ။ကိုကြီးကရှောင်လေ စံကတွေ့ချင်လေဖြစ်သည်။သူ့ကိုတွေ့နိုင်ဖို့ စံ ဉာဏ်နီဉာဏ်နက်တွေသုံးမှရတော့မည်။
ESTÁS LEYENDO
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasía"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."