25

12K 188 11
                                    

အပိုင်း - ၂၅

စံ ဒယ်ဒီနှင့်မာမီရှေ့မှပြေးထွက်ခဲ့ပြီး အခန်းထဲရောက်သည်နှင့် ကိုကြီးဆီချက်ချင်းဖုန်းခေါ်လိုက်သည်။

“ကိုကြီး ဘာလုပ်နေလဲဟင်…..”

“ကိုယ်လား စံလေးကိုသတိရနေတာ….”

ကိုကြီးအသံမှာ ဘာတစ်ခုမှထူးခြားပြောင်းလဲမှုမရှိသည့်အသံဖြစ်နေ၏။သူမနှင့်နေ့စဉ်ဖုန်းပြောနေကျအသံမျိုးပင်။

“ကိုကြီး စံ့ကိုပြောစရာဘာမှမရှိဘူးလား….”

“ဘာပြောရမှာလဲ စံလေး…..”

“လျှို့ဝှက်ထားတာ ဘာမှမရှိ‌ဘူးပေါ့….”

“မရှိဘူး…..”

စံမျက်ရည်မကျအောင်ထိန်း၍ အသံမတုန်အောင်သတိထားနေရသည်။ကိုကြီးက ဒယ်ဒီခေါ်တွေ့သည့်အကြောင်း သူမကိုမပြောဘူးဆိုမှတော့ သူမဘက်မှမေးရုံသာ။

“ဒယ်ဒီက ကိုကြီးကိုခေါ်တွေ့တာဆို….”

ကိုကြီးဘက်က တဒင်္ဂအသံတိတ်သွားသည်။ပြီးမှ 'အင်း' တစ်လုံးသာထွက်လာ၏။

“ဘာတွေပြောတာလဲ…..”

“ဘာမှအထွေအထူး မဟုတ်ပါဘူး...သူ့သမီးလေးကို စိတ်ချမ်းသာအောင်ထားဖို့ပြောတာပေါ့….”

ကိုကြီးလိမ်‌နေမှန်းသိတော့ စံ့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာ၏။

“စံလေး….”

“ကိုကြီး တကယ်ပြောနေတာလား….”

“အင်း…”

“စံ့ကိုချစ်သေးရဲ့လား….”

“ဘာလို့အဲလိုကြီး မေးတာ‌လဲ….”

“ဒယ်ဒီ့ကြောင့်နဲ့ စံ့ကို….စံ့ကိုခွဲမသွားပါနဲ့နော်….”

“ကိုယ့်ဘက်ကို စိတ်ချထားပါစံလေး....ကိုယ်က သေသွားရင်တောင် ဝိညာဉ်ဘဝနဲ့ စံ့ကိုကာကွယ်ပေးဦးမှာ….”

“အဟင့်....ဟင့်....”

“မငိုနဲ့လေ....ကိုယ်တကယ်မသေပါဘူး….”

ကိုကြီးဆီမှသေစကားကြောင့် စံ ငိုခြင်းမဟုတ်မှန်း စံကိုယ်တိုင်သာသိပါသည်။ကိုကြီး၏သည်းခံနိုင်သည့်စိတ်ကို သူမ စိမ်မကောင်းလွန်းသဖြင့် မျက်ရည်များကမထိန်းနိုင်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Donde viven las historias. Descúbrelo ahora