အပိုင်း - ၃
စံ ရေအိမ်မှဆင်းပြီးပြန်လာချိန်မှာ ဦးကတုံးကို မတွေ့ရတော့ပေ။ဒီလူကြီးကို စမြင်ကတည်းက သူမရယ်ချင်နေသည်။အရပ်ကြီးက ကလန်ကလားနှင့်ကတုံးပြောင်ပြောင်အောက်မှာ မျက်ခုံးကြီးကမဲခဲနေသည်မှာ ခူကောင်ကြီးတင်ထားသည့်အတိုင်းပါပဲ။
သူမ ကျောင်းဆောင်နားရောက်ချိန်မှာ မာမီမတ်တတ်ရပ်နေတာကိုတွေ့ရသည်။စံ မာမီ့ဆီကို ကလေးလေးတစ်ယောက်လိုပြေးသွား၏။
"မာမီရေ...."
"စံစံ ဘယ်သွားနေတာလဲ..."
"...ရေအိမ်သွားတာ မာမီ ...."
"..သမီးဒယ်ဒီက သမီးကိုမတွေ့လို့ လိုက်ရှာနေတယ်...လာ...လာ...ကျောင်းပေါ်တက်ရအောင်...."
စံ မေမေဆွဲခေါ်ရာဘုန်းကြီးကျောင်းပေါ်သို့ပြန်တက်ခဲ့ရ၏။
💮💮💮💮💮💮💮💮💮💮💮💮
လူချော ဆရာတော်ဘုရားရှေ့မှာထိုင်ပြီး ဧည့်သည်နှင့်စကားပြောနေသည်။သူ့မျက်လုံးထောင့်စွန်းမှ အမျိုးသမီးနှစ်ယောက်ဝင်လာတာကိုမြင်၍ စကားစဖြတ်လိုက်သည်။ထိုနှစ်ယောက်ထဲမှ တစ်ယောက်၏မျက်နှာကိုမြင်ချိန်မှာ သူမျက်မှောင်ကြုတ်လိုက်သည်။
*ဟိုကလေးမလေး.....
မျက်နှာမှာလည်း အလိုလိုနေရင်းအိုသွား၏။သူ့ကို ဦးကတုံးလို့ခေါ်တာမကြိုက်ပေ။ကလေးတစ်ယောက်က လူကြီးသူမကို မလေးမစားနှင့်ဆက်ဆံသလိုခံစားရသည်။သူ့မှာ ဘုန်းကြီးကအခေါ်လွှတ်၍သာ ကျောင်းပေါ်ပြန်တက်ခဲ့ရသည်။စိတ်ကတော့ မကြည်ချင်။
"စံစံ ဘယ်သွားနေတာလဲ....ခုနက ဒယ်ဒီအောက်ဆင်းတော့ သမီးကိုမတွေ့ဘူး..."
သူနှင့်စကားပြောနေသည့်သူဌေးကြီးဆီမှ ဒယ်ဒီဟုအသံကြားရ၍ ဒီကောင်မလေးက သူဌေးကြီးမှန်းသိလိုက်ရသည်။
"...စံက ရေအိမ်သွားတာ ဒယ်ဒီ...မဟုတ်ဘူး...မဟုတ်ဘူး...ကုဋီသွားတာ....ကုဋီ....."
"...ဟေ...."
စံစံ ဦးကတုံးကိုမြင်ပြီး 'ရေအိမ်'ဟုပြောနေရာမှ 'ကုဋီ'ဟုပြောင်းလဲပြောလိုက်ရာ ဘုန်းဘုန်းအသံကဟေခနဲထွက်လာသည်။
VOCÊ ESTÁ LENDO
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasia"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."