အပိုင်း ၂၀
မိန်းမောဖွယ်ကောင်းသည့်အနမ်းတွေအောက်မှာ စံလွင့်မျောနေရင်း ကိုကြီး၏ပူနွေးသည့်နှုတ်ခမ်းတွေကို သတိထားမိလာသည်။အနမ်းတွေကိုရပ်တန့်စေဖို့ သူမ ကိုကြီးရင်ဘတ်ကိုလက်သီးဆုပ်လေးနှင့်ထုလိုက်၏။
“…..ကိုကြီး……”
“ဟင်….အင်…..…….”
“လွှတ်ပါဦးကိုကြီးရဲ့………”
“ဘာလဲကွာ……..”
ကိုကြီးက လွှတ်မပေးတဲ့အပြင် စိတ်မရှည်သလိုနှင့်သူမခေါင်းကိုဖိကိုင်ထားသေး၏။
“ကဲ…….လွှတ်ဦးလို့……..”
စံနည်းနည်းဆောင့်ရုန်းမှ လွှတ်ပေးလေသည်။
“ဘာလို့လဲ…..စံလေး……….ကိုယ်နမ်းတာမတော်လို့လားဟင်……”
“မဟုတ်ဘူး…….ရှင်ဖျားနေပြီ……..”
“ဖျားတာပဲ သေတာမှမဟုတ်တာ……လာ ပြန်နမ်းမယ်…..”
“ကိုကြီးနော်……ဘာဖြစ်နေတာလဲ………”
အခုမှခက်ချေပြီ။ကိုကြီးက သူဖျားတာကိုတောင်ဂရုမစိုက်ဘဲ ထပ်နမ်းဖို့ကိုသာအားထုတ်နေ၏။ကိုကြီးမျက်နှာက စံ့နှုတ်ခမ်းနားတဝဲဝဲဖြစ်နေသည်။စံ သူမကိုယ်ပေါ်မှကိုကြီးခြုံပေးထားသည့်ဂျာကင်ကိုချွတ်လိုက်ပြီး....
“ရော့……ပြန်ဝတ်…….”
“ဘာလို့လဲ….ကိုယ်မအေးဘူး……စံလေးခြုံထား…..”
“ဘာမအေးဘူးလဲ……..ဒီမှာလက်တွေတောင်တုန်နေတဲ့ဟာကို……”
ကိုကြီးလက်တွေကိုနွေးနေအောင် သူမလက်သေးသေးလေးနှင့် ဖိဆုပ်ပေးထား၏။
“ပြန်ရအောင် ပိုဆိုးလာလိမ့်မယ်…………ရော့ဝတ်လိုက်…..”
“ကိုယ်ထပ်နမ်းချင်သေးလို့……..”
“အမလေး အခုမှအဖြစ်သည်းမနေနဲ့ ဝတ်ဆိုဝတ်…….”
“ရတယ်….စံ ဝတ်ထား….ကိုယ်ကဒဏ်ခံနိုင်တယ်……..”
“ဝတ်မှာလား……မဝတ်ဘူးလား……..တစ်ခွန်းပဲဖြေ……”
“ဝတ်ပါ့မယ်ကွာ………”
သူ့ရှေ့မှကလေးပေါက်စက ခါးထောက်၍လေသံမာမာနှင့်ပြောတော့ သူခေါင်းညိတ်ရပြန်သည်။
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."