Part 24

6.8K 173 7
                                    

အပိုင်း - ၂၄

ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် တဲ့။

သိပ်မှန်တဲ့စကားပါပဲ။

အစောပိုင်းကာလများမှာ ပင်တိုင်စံ၏ခိုးရာလိုက်ပြေးသည့်သတင်းနှင့်ပြန်လည်ဖြေရှင်းသည့်သတင်းများက social တခွင်ပျံ့နှံ့နေခဲ့သည်။အခုတော့လည်း အရာရာဟာအရင်လိုပုံမှန်ပြန်ဖြစ်သွားခဲ့ပြီ။

စံ့ရဲ့သန်မာသည့်စိတ်ဓာတ်ကို သူတကယ်ပဲလေးစားမိ၏။အင်တာဗျူးမှာဖြေသွားသည့်အာလုံးဟာ အပိုအလိုမရှိထိမိလှသည်။

*တန်…….တန်…….တန်……..

စံ့ကိုအပြင်လိုက်ပို့ရမည်ဖြစ်၍ ဝတ်စားပြင်ဆင်နေစဉ် သူ့ဖုန်းကမြည်လာသည်။အန်ကယ်ဦးဇေယျာမင်းဆီမှ သူ နည်းနည်းစဉ်းစားသွား၏။သူ အိမ်ဝယ်ပြီးပြောင်းနေကတည်းက အန်ကယ်နှင့်သိပ်မတွေ့ဖြစ်တော့ပေ။သူ စံ့ဆီသွားသည့်အချိန်ဆို အန်ကယ်ကအိမ်မှာမရှိတာများသည်။

“ဟဲလို……မောင်လူချောလား……..”

“ဟုတ်ကဲ့အန်ကယ် ပြောပါခင်ဗျ……….”

“မောင်လူချော အချိန်ရရင် အန်ကယ့်ရဲ့ ဟိုတယ်ကို ခဏလောက်လာခဲ့ပါလားကွ……..အန်ကယ် စကားလေးနည်းနည်းပြောစရာရှိလို့……..”

“ဟုတ်ကဲ့အန်ကယ်…..ကျွန်တော် ညနေ ၆ နာရီတော့ အားပါတယ်………”

“ဟုတ်ပြီ…..အဲဒီအချိန် အန်ကယ်စောင့်နေမယ်….”

အန်ကယ့်ဘက်မှဖုန်းချသွားသည်နှင့် လူချော စဉ်းစားခန်းဝင်ရပြန်သည်။သူနှင့်အန်ကယ်ကြားမှာ အရေးကြီးကိစ္စပြောစရာဟူ၍ ဘာမှမရှိ။အန်ကယ့်ဆီမှယူထားသည့်ငွေကိုလည်း သူ အကျေဆပ်ပြီးခဲ့ပြီ။အန်ကယ့်ဘက်မှတကူးတကချိန်းဆိုပြီးတွေ့ဆုံခြင်းဖြစ်၍ သာမန်ကိစ္စတော့မဖြစ်နိုင်။ဘာအကြောင်းနှင့်စကားပြောချင်သည်ဆိုတာကို သူ တွေးမရအောင်ဖြစ်နေသည်။

💮💮💮💮💮💮💮💮💮💮💮💮

Easter ဟိုတယ်ထဲရောက်သည်နှင့် ဧည့်ကြိုက သူ့ကိုအန်ကယ်စောင့်နေသည့်အခန်းဆီခေါ်သွားသည်။

“လာ မောင်လူချောထိုင်ပါ….”

“ဟုတ်ကဲ့ အန်ကယ်…”

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Donde viven las historias. Descúbrelo ahora