Part 3

4.1K 272 11
                                    

U+Z


ရဲသွေးမင်းခေါင် ၃ နာရီလောက်နိုးလာပြီး ရေချိုးကာအဝတ်အစားလဲပြီး မနက်စာလုပ်လိုက်သည်။ နွားနို့ပူပူကျိုပြီး အပူခံဗူးထဲထည့်ရသည်။ သက်ဦးဆံပိုင် ဝတ်မယ့်အဝတ်ကိုအရင်သွားထုတ်လိုက်သည်။ Wedding Dress ရိုက်ကွင်းဆိုတော့ ဟိုရောက်မှလဲရမှာဖြစ်ပြီး ဒီကနေသူ့အတွက် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်မျိုးကိုရွေးထုတ်လိုက်၏။ ၃ နာရီခွဲပြီးချိန်လောက်မှ သူသွားနှိုးဖို့လုပ်လိုက်သည်။ သူက မန်နေဂျာလား အထိန်းတော်လားတောင် မသဲကွဲတော့ပေ။ အိမ်မှာလည်းအတူနေပြီး အားလုံးလိုက်လုပ်ပေးရသည်။ အင်းလေ ဒါကြောင့်လည်း သူ့ကိုပေးထားတဲ့လစာက နည်းမှမနည်းပဲ။

ဒေါက်ဒေါက်!

တံခါးခေါက်ပြီးတာနဲ့တံခါးကဖွင့်လာတော့သည်။ ရေချိုးပြီးလို့ bathrobe ကြီးနဲ့ဖြစ်နေသည်။ သူက နိုးတောင်နိုးပါ့မလားလို့ထင်နေတာ။ သူ့ပုခုံးကိုတိုက်သွားပြီး အဝတ်လဲခန်းဖက်ကိုကူးသွားတာကြောင့် ရဲသွေးမင်းခေါင် နောက်ကနေလိုက်ရ၏။

"ပေါ့ပေါ့ပါးပါးပဲထုတ်ပေးထားတယ်"

တီရှပ်နဲ့ pants တစ်ထည့်ထုတ်ပေးထားတာကိုတွေ့လိုက်ရကာ နောက်ကလည်းစကားသံကိုတစ်ဆက်ထဲ ကြားရ၏။ သက်ဦးဆံပိုင် စိတ်ထဲကတော့ အမှတ်တစ်မှတ်ပေးလိုက်သည်။ ထုတ်ပေးထားတဲ့ အဝတ်အစားကိုကောက်ယူပြီး အခန်းထဲဝင်ကာလဲလိုက်၏။ ပြန်ထွက်လာတော့ ရဲသွေးမင်းခေါင်က ထိုနေရာမှာရပ်နေတုန်းဖြစ်သည်။

"လိုမယ်ထင်လို့ accessories တွေ့ထည့်ခဲ့လိုက်မယ် ဝတ်သွားအုန်းမလား"

"မဝတ်တော့ဘူး"

သူ့ကိုကြည့်လာတဲ့ ရဲသွေးမင်းခေါင်ကိုတစ်ချက်ပြန်ကြည့်ပြီး ထွက်ခဲ့လိုက်သည်။ ရဲသွေးမင်းခေါင်ကတော့ သူပြောတာ ပြန်ဖြေသူကြောင့် ကြောင်တောင်ကြောင်သွားသည်။ ဒီလိုပြန်ဖြေလာမယ်လို့မှမထင်ပဲ။ ဒီတစ်ယောက်နဲ့ဒီဆံပင်ပုံနဲ့လိုက်ဖက်တယ်လို့ပြောရမှာ။ ဘေးတွေကို ပြောင်လုနီးပါးရှင်းပြီး တိုတိုပဲညှပ်ထားတာ။ အရင်တုန်းက အရှည်တို့ တခြားပုံစံတို့ရော ထားဖူးလားမသိ။ အောက်မှာ Driver ကအသင့်စောင့်နေကာ သက်ဦးဆံပိုင်ရောက်လာတာနဲ့ ဘော်ဒီဂတ်တွေကတံခါးဖွင့်ပေးသည်။ ရဲသွေးမင်းခေါင်က ဘေးတစ်ဖက်မှာဝင်ထိုင်လိုက်၏။ ဘော်ဒီဂတ်တွေကပဲ တံခါးကိုပြန်ပိတ်ပေးကာ သူတို့ရထားတဲ့လိပ်စာအတိုင်း driver ကမောင်းထွက်တော့၏။

The Day After Today (Complete)Where stories live. Discover now