U+Z
သက်ဦးဆံပိုင် တညလုံးအိပ်မပျော်သလို မနက်အစောကြီးထကာထိုင်နေမိသည်။ တစ်ချက်တစ်ချက် တစ်ဖက်ကအခန်းကိုလည်း လှည့်ကြည့်ရတာအလုပ်တစ်လုပ်ဖြစ်နေ၏။ သူ့ဘက်ကဖွင့်ပြောပေမယ့် ပုံမှန်ထက်ပိုပြီးတည်ငြိမ်နေသူဆီက ဘာမှပြန်မသိရပဲနှုတ်ဆိတ်နေသည်။ သူ့ဘက်ကဖွင့်ပြောပြီး နမ်းလိုက်ပေမယ့်စိမ်းကားနေသူက ချက်ချင်းအိမ်ကိုပြန်ခေါ်လာပြီး ဘာစကားမှမပြောပဲ အခန်းထဲဝင်သွားတာဖြစ်ကာ မနက် ၈ နာရီထိုးနေပြီထွက်မလာသေးပေ။
ချပ်!
အခန်းတံခါးဖွင့်တာမြင်တာနဲ့ သက်ဦးဆံပိုင် ဆက်ကနဲထလိုက်သည်။ ခေါင်က အိမ်ရှေ့ထွက်မလာပဲ မီးဖိုချောင်ထဲဝင်သွားတာကြောင့် သက်ဦးဆံပိုင် မီးဖိုချောင်ဘက်ကိုသွားလိုက်သည်။
"ခေါင်"
သူ့ဘက်ကိုလှည့်ကြည့်လာတဲ့သူက နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ ကြည့်နေ၏။
"ကိုယ်...ကိုယ်ဖွင့်ပြောထားတယ်လေ ခေါင်..."
"မဖြစ်သင့်ဘူးလို့ ကိုယ်ထင်တယ် ပြီးတော့...."
"ခဏ ခဏ ဘာကိုမဖြစ်သင့်တာလဲ"
သက်ဦးဆံပိုင် စိတ်နည်းနည်းတိုချင်လာသည်။ ဘာကိုမဖြစ်သင့်တာလဲ။ ကိုယ့်ဘက်ကသူ့ကိုသဘောကျနေမှန်း သူအစောကြီးထဲကသိတယ်လေ။ ဒါ ပထမဆုံးအကြိမ်လဲမဟုတ်တော့ဘူး။
"ခေါင်!"
"ပိုင် ကိုယ်စဉ်းစားနေတုန်း ကိုယ်တို့ဖြစ်သင့်မဖြစ်သင့်..."
"ဘာကိုမဖြစ်သင့်တာလဲ ဘာကမဖြစ်သင့်တာလဲ"
"ပိုင် မလာနဲ့!"
ပိုင်ကပြောနေရင်းနဲ့ပင် သူ့ရှေ့ကိုတိုးလာတော့သည်။ မင်းခေါင် ဘယ်လိုတားတား တားမရပဲသူ့ရှေ့တည့်တည့်ကိုရောက်လာ၏။ ပိုင့်ကိုသူ မကြည့်ချင်ဘူး။
"ပိုင်!"
ပိုပြီးရဲတင်းလာတဲ့ပိုင်။ သူ့ရှေ့ကိုတိုးကပ်လာပြီး သူ့ပုခုံးကိုဖျစ်ညှစ်လာသည်။ သူ့ဘက်က ငြိမ်နေတာကိုပိုင်က အခွင့်ကောင်းယူပြီးပိုပြီးရဲတင်းလာသည်။
ပြွတ်!
"ခေါင် ရင်ခုန်တယ်မဟုတ်ဘူးလား"
ပြွတ်! ပြွတ်!