Part 6

4K 246 29
                                    

U+Z

"ပိုးပိုး မင်းသားနဲ့ရင်းနှီးပြီလား"

"ခေါ်ပြောနှုတ်ဆက်တာတော့ရှိပါတယ် ရိုက်ကွင်းကြရင်တော့ အသားကျသွားမှာပါ"

"သူနဲ့ကိုယ်ရင်းနှီးမှ chemistry မိမှာလေ"

"ပိုးလည်းသိတာပေါ့ ဒါပေမယ့် သက်ဦးဆံပိုင်က မသက်သိတဲ့အတိုင်း စကားနည်းတာလေ"

သက်ဦးဆံပိုင်စကားနည်းတာကိုတော့သူတို့အားလုံးကောင်းကောင်းသိသည်။ မော်ဒယ်ကနေ ဇာတ်လမ်းတွဲတွေလက်ခံလာတဲ့ သက်ဦးဆံပိုင်က လုပ်နိုင်တဲ့အထဲမှာပါသည်။ သရုပ်ဆောင်ပိုင်းကို ပိုင်နိုင်ပြီးအသံအနိမ့်အမြင့်လည်း တော်တော်ကောင်းတာကို ဇာတ်ညွှန်းဖတ်ပွဲမှာသူတို့အားလုံး တွေ့ခဲ့ရတာကြောင့် သိရသည်။

"မသက် ပိုင်ပိုင့်မန်နေဂျာက မိုက်တယ်နော်"

"အင်း"

"ပိုင်ပိုင်နဲ့နင်လားငါလားပဲ အဲ့ဒိဘဲကြီးကိုရရင်သိပ်ကောင်းမယ်"

စကားအဆုံးမှာ ပိုးပိုးကကပ်တိုးလေးအရိုက်ခံလိုက်ရသည်။

"သတိထား ပါးစပ်မဖွာနဲ့ ကိုယ်ကမင်းသမီးဆိုတာ သတိရအုန်း"

"အင်းပါ မသက်ရဲ့"

ပိုင်ပိုင့်မန်နေဂျာကိုစတွေ့ထဲကသတိထားမိနေတာ။ ညိုချောကြီးကိုမှ လူကြီးလူကောင်းဆန်သည်။ ရုပ်ရည်ကလည်းအပြစ်ပြောစရာမလို။ နာမည်ကလည်း မမိုက်စား ရဲသွေးမင်းခေါင်တဲ့လေ။ တကယ်ကို သူ့ရင်ထဲကိုဘုရင်တစ်ပါးလိုရောက်ရှိနေတာခက်တယ်။ ထိုဘုရင်တစ်ပါးကတော့ သူလုပ်ရမယ့်အလုပ်ကိုပဲ အာရုံရပြီးပိုင်ပိုင့်ကိုပဲမျက်လုံးထဲမြင်နေတာခက်တယ်။

"မသက် သူ့ကိုကမ်းလှမ်းကြည့်ပါလား"

"လုပ်ပြီးပြီ"

ကိုယ့်ထက်လက်သွက်နေတဲ့အစ်မကိုကြည့်ကာ ပိုးပိုးအံ့ဩပြီးဘာမှမပြောနိုင်တော့ပေ။ မသက်တို့ လက်သွက်ချက်က မြင်မကောင်းဘူး။

"မင်းသားလုပ်ဖို့စိတ်မဝင်စားဘူးတဲ့ မန်နေဂျာလုပ်ချင်ရင်လည်း လာလို့ရတယ်လို့ပြောခဲ့တယ် ကဒ်လည်းပေးခဲ့တယ်"

The Day After Today (Complete)Where stories live. Discover now