U+Z
"အန်တီ နေကောင်းတယ်နော်"
"အင်း လာလေ ထိုင်ကြ"
မင်းသမီးတစ်ယောက်အိမ်လာတယ်ဆိုတာနဲ့ စားစရာ၊ သောက်စရာချပေးရသည်။ ပိုးပိုးနီလေးက အိမ်ကိုဝင်ထွက်နေတာ တော်တော်ကြာပြီဖြစ်သည်။ ဒေါ်နုနုယဉ်မှာ သားကြောင့် ဒီမှာသောင်တင်နေတာ နှစ်တောင်ပေါက်နေပြီဖြစ်သည်။ အိမ်ကိုပြန်မယ်ဆိုလည်း ကားနဲ့တစ်ခါထဲလိုက်ပို့ပြီးတာနဲ့ ပြန်ခေါ်လာတော့တာ။ အိမ်ကအလုပ်တွေကို ညီမတို့လင်မယားနှစ်ယောက်ကိုလွှဲထားလို့ရလို့ပေါ့။ ပြီးတော့ စိတ်ချရလို့။ ဒီအမေကိုသူတို့နဲ့ပဲအတူလာနေစေချင်နေတာ။
"အန်တီ့အတွက် ဘာဝယ်လာရမှန်းမသိတော့လေ ပိုး ဒီမှာ ပါတိတ်လေးတွေ အဆက်လိုက်ဝယ်ခဲ့တယ်"
"ရပါတယ် သမီးရယ် နောက် မဝယ်လာပါနဲ့"
"ဟုတ် အစားအသောက်ကြတော့လည်း ကိုမင်းခေါင်ကိုမေးတာမရနဲ့ဆိုတော့"
"အင်း"
"မေမေ ပြန်လာပြီ"
သမီးကျောင်းကပြန်လာတာဖြစ်ကာ ဧည့်သည်ရှိနေမှန်းမသိတော့ အခါတိုင်းလို့အမေကိုအသံအကျယ်ကြီးနဲ့အော်ပြောတော့သည်။
"မမပိုးပိုး ရောက်နေတာလား မသိလိုက်ဘူး...ဟီး..."
အရှက်ပြေရယ်ပြကာ အမေဖြစ်သူဘေးကိုဝင်ထိုင်သည်။
"ကိုကိုရော မေမေ"
"အခန်းထဲမှာ အဝတ်သွားလဲတယ် ပြီးရယ်အပြင်ပြန်ထွက်မလို့ဆိုလား"
"ဪ"
"ယုန်လေးတောင် ဘာလိုလိုနဲ့ကျောင်းပြီးဖို့နီးလာပြီနော်"
"ဟုတ် ၂ နှစ်တော့ကျန်သေးတယ်"
ယုန်လေး ဒီအခြေအနေကိုအစိမ်းသက်သက်ကြီးလိုခံစားနေရသည်။ ကိုကိုက မမပိုးပိုးတို့ ent., ကိုပြောင်းသွားတာကြာပြီး သူနဲ့လည်းစကားပြောပေမယ့် ကိုကြီးပိုင်တုန်းကလို ရင်းနှီးမှုမျိုးမရရှိ။ ပြီးတော့ မမပိုးပိုးက သူတို့အိမ်ကိုဝင်ထွက်နေတာ ဒါပထမဆုံးအကြိမ်လည်းမဟုတ်တာကို စိတ်ကိုကမရင်းနှီးသေးတာဖြစ်သည်။