Part 29

4.8K 260 5
                                    

U+Z

ဖန်မီတင်မှာဖြစ်ပြီး သက်ဦးဆံပိုင်ရဲ့ ပုံတွေက screen ထက်မှာတစ်ပုံပြီးတစ်ပုံပြေးနေသည်။ ကာယကံရှင်ကတော့ထွက်မလာသေး။

"ငါတို့ကိုကိုပိုင်ရဲ့ စိတ်ကူးက မိုက်လိုက်တာနော်"

"အေး မဟုတ်ရင် ဖန်မဟုတ်တဲ့လူတွေပါ ဖန်မီတင်ကိုအလကားတက်နေရမှာပေါ့။ အခုတော့ လူစစ်ထုတ်ပြီးသားဖြစ်သွားတာပေါ့"

ဖန်မီတင်ကို တက်ရောက်ခွင့်လက်မှတ်တွေကိုရောင်းချတာမဟုတ်ပဲ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သက်ဦးဆံပိုင်ရဲ့ personality ကိုမေးတာဖြစ်ပြီး ဖြေနိုင်တဲ့သူတွေက ဖန်မီတင်ကို အလကားတက်ရောက်ခွင့်ရတာဖြစ်သည်။ အထဲမှာလဲ ရေခဲမုန့်နဲ့ကိတ်လေးတွေကို ပြင်ပေးထားသည်။ စပွန်ဆာပေးသူကတော့ တခြားမဟုတ်ပဲ မင်းခေါင်ဖြစ်၏။ ဖန်မီတင်ရဲ့ထိပ်ဆုံးမှာ ယုန်လေးပါ ပါနေတာဖြစ်သည်။ သူတို့အားလုံးက သက်ဦးဆံပိုင်ရဲ့ ပုံကိုတီရှပ်ပေါ်မှာပရင့်ရိုက်ပြီး ဝတ်ထားကြတာဖြစ်ကာ ပုံတွေကတော့ မတူ။ ခဏကြာတော့ သက်ဦးဆံပိုင်ထွက်လာတာကြောင့် ခန်းမအတွင်း ဆူညံသွားတော့သည်။ ဖန်မီတင် ထုံးစံအတိုင်း အမေးအဖြေတွေလုပ်ကြရင်း သီချင်းတွေအတူတူဆိုကြတော့သည်။

"ကိုကိုပိုင်ရဲ့ အချစ်ကြီးဒီမှာရှိနေတယ်လို့ မီတို့သိထားတယ်နော်"

အောက်က ပိုင့်ရဲ့အမာခံပရိတ်သတ်က ထပြောတော့သည်။ အမှန်လဲ ခေါင်ကအထဲမှာရှိနေတာ လိုအပ်တာတွေအာလုံးလုပ်ပေးနေတာဖြစ်သည်။

"သူ ရှိပေမယ့် မအားဘူး"

"မလိမ်နဲ့နော်။ မီတို့က ဒီနေ့သူ့ကိုပါမမြင်ရရင် ကျေနပ်မှာမဟုတ်ဘူး"

ပိုင် ရယ်ကာ မျက်ခုံးကိုလက်နဲ့ခြစ်လိုက်ပြီးမှ

"ခေါင်.."

အား...

နာမည်တစ်လုံးပဲထွက်သေးတယ် အောက်ကထအော်ကြပြန်သည်။ ပိုင် ရယ်လိုက်ကာ

"ခေါင် ရှေ့ကိုထွက်ခဲ့ပေးအုန်း"

ဖန်မီတင်ဆိုပေမယ့် သက်ဦးဆံပိုင်က ပေါ့ပေါ့ပါးပါး style pant နဲ့ ရှပ်လက်ရှည်အပွပဲဝတ်ထားတာဖြစ်သည်။ ပိုင်ခေါ်တော့ မင်းခေါင်က မလာမဖြစ် စင်ပေါ်ကိုတက်လာရတော့သည်။ မင်းခေါင်ကလည်း သူ့ပုံစံအတိုင်း စပို့ရှပ်နဲ့ style pant ကိုပဲဝတ်ထားတာဖြစ်သည်။

The Day After Today (Complete)Where stories live. Discover now