Part 14

3.5K 249 18
                                    

U+Z

'ငါတို့ သင်္ဘောကြီးပြန်လွင့်လာပြီ' ဆိုပြီး သူတို့ပေ့ချ်က အသက်ပြန်ဝင်လာတော့သည်။ သက်ဦးဆံပိုင်နဲ့ရဲသွေးမင်းခေါင်ကို ship ထားတဲ့ပေ့ချ်ဖြစ်ကာ ပြီးခဲ့တဲ့ရက်တုန်းက shipper တွေ မျက်ခုံးလှုပ်ပြီးဘာသတင်းမှမတင်သလို ဘာပုံမှလည်းမတင်ပေ။ သူတို့ရဲ့ သင်္ဘောကြီးနစ်မြုပ်သွားပြီလို့တောင် သူတို့အားလုံးထင်နေကြတာဖြစ်သည်။ လျှပ်တပြတ်ရိုက်ထားတဲ့ပုံတွေနဲ့ သူတို့ရဲ့သင်္ဘောကြီးကို ရွက်လွှင့်နေတာ တော်တော်တောင်ကြာနေပြီ ဖြစ်ကာရုတ်တရက်ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေကြောင့် သူတို့စောင့်ကြည့်နေတာဖြစ်သည်။ အခုတော့အရင်လိုပြန်မြင်ရကာသူတို့ရဲ့ ပေ့ချ်ကလည်းအသက်ပြန်ဝင်လာတော့၏။ ကာယကံရှင်နှစ်ယောက်ကတော့ သူတို့ကို ship နေတဲ့ဒီပေ့ချ်ကြီးရှိမှန်းတောင်မသိပေ။ 

"ဝမ်းသာလိုက်တာ ငါတို့သင်္ဘောကြီး ပြန်အသက်ဝင်လာပြီ"
"ငါ့ဖြင့်စောင့်ကြည့်လိုက်ရတာ အမော"
"သူတို့စိတ်ဆိုး စိတ်ကောက်လုပ်နေကြတာနေမှာ"

Shipper တွေကတော့ တစ်ယောက်တစ်ပေါက်နဲ့သူတို့ရဲ့ထင်မြင်ချက်တွေကို ပြောဆိုနေကြသည်။ သူတို့ Ship တယ်ဆိုတာကလည်း ပွဲတိုင်းလိုလို မင်းခေါင်ပါပြီး နောက်မှာထိုင်နေရင်တောင် ရှေ့ကသက်ဦးဆံပိုင်ကိုပဲ ကြည့်နေတတ်တဲ့သူကြောင့်ရော၊ လိုတာတွေအားလုံးကို လစ်ဟာမှုမရှိအောင် အသေးစိတ်စီစဉ်ပေးတတ်တာတွေရောကိုကြည့်ပြီး အကြင်နာပိုသူကြောင့် သူတို့နှစ်ယောက်ကို Shipper တွေက ship ကြတာမစမ်း။

"ပိုင် ဝတ်စုံတွေ မနက်ရောက်မယ်ပြောတယ်"

"အင်း မနက်မှ မီတင်လုပ်မယ်လေ"

"အိုကေ ကိုယ်စီစဉ်ထားလိုက်မယ်"

ဆက်ဆံရေးတစ်ခုမှာနှစ်ဦးနှစ်ဖက်ပြေလည်နေမှ ရှေ့ကိုရောက်တယ်ဆိုတာအမှန်ပင်။ သူနဲ့ပိုင်ရဲ့ ဆက်ဆံရေးကအရင်လိုပြေပစ်လာပြီး အလုပ်လုပ်တဲ့အခါလည်း တော်တော်တွင်ကျယ်လာသည်။

"ယုန်လေးကို တစ်ရက်လောက်ခေါ်လိုက်အုန်းမယ် ဖြစ်တယ်မလား"

သက်ဦးဆံပိုင် အစ်ကိုဖြစ်သူကိုအရင်ခွင့်တောင်းလိုက်သည်။ မဟုတ်ရင် ယုန်လေးကကြားက အနေခက်အုန်းမှာ။ သူကခေါ်ပြီးအစ်ကိုဖြစ်သူက မလာနဲ့လို့ပြောရင် စိတ်မကောင်းဖြစ်အုန်းမှာ။ သူတို့နှစ်ယောက်ကြား မခေါ်မပြောနိုင်ဖြစ်နေတုန်းက ယုန်လေးသူခေါ်တာကို မလာပဲနေခဲ့တာ ခေါင့်ကြောင့်ဆိုတာ သက်ဦးဆံပိုင်သိခဲ့လိုက်ရသည်။ သူ့အစ်ကို မလာနဲ့ပြောတာကို နောက်မှသူ့ကိုတိုင်သေးတာဖြစ်ပြီး သက်ဦးဆံပိုင် ရယ်ခဲ့ရသေးသည်။

The Day After Today (Complete)Where stories live. Discover now