Part 20

3.9K 259 34
                                    

U+Z

"ပိုင်ပိုင် ပြန်ရောက်နေတာလား"

Fashion Show ပြီးတော့ အားလုံးကိုနှုတ်ဆက်ပြီးပြန်မယ်လုပ်တော့ ပိုးပိုးနီနဲ့တန်းတွေ့ကာ ပိုးပိုးနီက နှုတ်ဆက်လာသည်။ ပိုးပိုးနီဘေးမှာ ပိုးပိုးနီရဲ့သက်ဆိုင်သူက တွဲပါလာသည်။

"ဟုတ်တယ် ပိုးပိုး၊ ပိုးပိုးက ပိုလှလာတာပဲ"

"ကျေးဇူး ပိုင်ပိုင်၊ ပြန်ရောက်တာကြာပြီလား"

"မကြာသေးဘူး မနေ့ကပဲရောက်တာ၊ ဒီနေ့ပွဲတက်လာတာပေါ့"

သူ့ဘေးမှာ ရှေးခေတ်ရှိနေကာ စကားပြောရင်း တစ်ဖက်နဲ့တစ်ဖက်ယှဉ်ကာ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

"ပိုင်ပိုင်လဲ အရမ်းကြည့်ကောင်းလာတယ် ပိုးပိုးဖြင့် မှတ်တောင်မမှတ်မိဘူး၊ ပိုးတို့ဆို ပိုင်ပိုင်ဘယ်တော့များ အနုပညာလှုပ်ရှားမှုပြန်လုပ်မလဲ မျှော်နေရတာ။ ဒါနဲ့ ရှေးခေတ်နဲ့ရော အဆက်အသွယ်ရှိနေတာလား"

"မရှိပါဘူး မပိုးရယ်၊ ကိုပိုင်က ဘယ်သူ့နဲ့မှ အဆက်အသွယ်မရှိတာ သူ့ Ent., ပြန်ချပြတဲ့ပုံတောင် သူ့ညီမလေးရဲ့ လျှပ်တပြတ်ရိုက်ချက်နဲ့ထွက်လာတဲ့ပုံတဲ့လေ၊ ဒီအတောအတွင်း ဖုန်းလဲမသုံးဘူးတဲ့လေ။ ဓါတ်ပုံရဖို့ဆိုတာ ဝေလာဝေးပဲ"

ရှေးခေတ်က ပြောနေပေမယ့် သက်ဦးဆံပိုင်လက်ကိုချိတ်ထားတာမပြတ်။

"ဒါနဲ့ နှစ်ယောက်က တွဲနေတာလား"

ပိုးပိုး ဒါကိုတော့သိချင်သည်။ ဒါကြောင့်လဲ ပေါ်တင်မေးလိုက်တာဖြစ်၏။

"ကိုပိုင်နဲ့ရှေးခေတ် တွဲရပ်လိုက်ရင် ဒီလိုပဲမေးကြတယ်နော်...ရှေးခေတ်တို့နှစ်ယောက်က ဒီလိုပဲ မပိုးရဲ့၊ အရမ်းရင်းနှီးတယ်"

"ဪ မသိရင် တကယ်တွဲနေတဲ့ပုံပဲ"

သူတို့စကားဝိုင်းထဲပါမလာပဲ ဘေးကနေလျှောက်လိုက်လာသူကတော့ ပိုးပိုးနီရဲ့သက်ဆိုင်သူဖြစ်သည်။ တဖြည်းဖြည်းနဲ့ကိုယ့်ကားနေရာကိုရောက်လာကြတော့

"ပိုင်ပိုင်နဲ့ လက်တွဲအလုပ်လုပ်ဖို့ မျှော်လင့်ထားမယ်နော်"

"ဟုတ်ကဲ့ ပိုးပိုး၊ ပိုးပိုးတို့သတင်းတွေကြားပါတယ်၊ နှစ်ယောက်ကအရမ်းလိုက်ဖက်တယ်၊ မင်္ဂလာသတင်းမျှော်နေမယ်။ အခုတော့ သွားလိုက်အုန်းမယ်"

The Day After Today (Complete)Where stories live. Discover now