U+Z
"ခေါင်"
"ဟင်"
"ရိုက်ကူးရေးက သန်ဘက်ခါဆိုပြီးပြီ တစ်ခုခုစီစဉ်ပေးဖို့ လေးလေးကိုပြောလိုက်ပါ"
"အင်း မဟုတ်တောင်ကိုယ်ပြောမလို့"
"အိုကေ"
ဒီစကားတစ်ခွန်းပဲပြောပြီး အခန်းထဲဝင်သွားသည်။ ဘာမှန်းမသိပေမယ့် သူ့အပေါ်ကို သက်ဦးဆံပိုင်ရဲ့ ဆက်ဆံပုံကနည်းနည်းပြောင်းနေသလားလို့။
"ယုန်လေး"
ပြန်ထွက်လာတဲ့သူက ယုန်လေးနဲ့ဖုန်းပြောပြီးပြန်ထွက်လာတာ။ ယုန်လေးက ဒီအစ်ကိုကိုတောင်ဖုန်းမဆက်ပဲ သက်ဦးဆံပိုင်ကို ဖုန်းဆက်တာတဲ့လေ။ မင်းခေါင် ဒီညီမတစ်ယောက်ကို ဘယ်လိုလုပ်ရမလဲမသိတော့ပေ။
"လာခဲ့လေ ကိုကြီးမနက်ဖြန် အားတယ် ရိုက်ကူးရေးက ညဘက်မှရှိတာ"
....
"အိုကေ"
"ယုန်လေး လာမယ်တဲ့"
"နေပါအုန်း ယုန်လေးက ကိုယ့်ဆီမဆက်ပဲ ဘာဖြစ်လို့မင်းဆီဆက်တာလဲ"
"ခေါင့်ဆီမဆက်ချင်လို့နေမှာပေါ့"
စကားကိုပေါ့ပေါ့ပါးပါးပြောကာ Detox ဗူးယူပြီးအခန်းထဲပြန်ဝင်သွားတော့သည်။ အရင်လို့သူ့အနားကပ်နေတာဘာညာမရှိ။ မင်းခေါင် ညီမလေးကိုဖုန်းဆက်ဖို့လုပ်ရသည်။ ဘယ်နဲ့ဒီကိုလာမှာ သူ့ကိုမပြောပဲ ပိုင့်ကိုလှမ်းပြောရတာလဲ။ အစ်ကိုကသူလားပိုင်းလား မသဲကွဲ။
"ယုန်လေး"
.....
"အဲ့ဒါ ကိုကို့ကိုပြောလေ"
.....
"ဘယ်အချိန်လာမှာလဲ"
.....
"ညဘက်လိုက်ပို့ဖို့မအားဘူးနော် သက်ဦးဆံပိုင် ရိုက်ကူးရေးရှိတယ် စောစောလာပြီး ကိုယ့်ပါကိုယ်ပြန်မှ ရမယ်"
....
"အင်း စောစောလာခဲ့"
ညီမလေးနဲ့ဖုန်းပြောပြီး ဟိုဘက်အခန်းကိုတံခါးခေါက်ပြီးဖွင့်လိုက်တော့ သူ့တံခါးခေါက်တာကိုတော် အာရုံရဲ့လားမသိ သရေးကွင်းနဲ့အလုပ်ရှုပ်နေသည်။ ဘာမှမဟုတ်ဘူး ဟိုရက်ကသင်ပေးလိုက်တဲ့ ကြယ်တွေ အိမ်တွေလျှောက်လုပ်ကြည့်နေတာ။ အိပ်ယာပေါ်မှာတင်ပျဉ်ခွေထိုင်ပြီး အာရုံသေသေချာချာစိုက်နေသည်။ သက်ဦးဆံပိုင်ပုံစံကိုကြည့်ပြီး မင်းခေါင်ပြုံးမိသွားသည်။ တံခါးကိုပြန်စေ့ခဲ့ပြီး မနက်ဖြန်အတွက်လိုအပ်တာတွေလုပ်ဖို့ အောက်ကိုဆင်းခဲ့လိုက်သည်။