U+Z
မနက်မိုးမလင်းခင်ထဲကနိုးနေတဲ့သူက gym ဖွင့်တဲ့အချိန်ရောက်တာနဲ့ gym ကိုပြေးမိသွားသည်။ သူညက ခေါင့်ကိုဘာလုပ်လိုက်လဲဆိုတာကို နိုးနိုးချင်းထဲက တန်းမှတ်မိနေသည်။ သူထိန်းထားတဲ့ကြားက ဘာဖြစ်လို့သွားလုပ်မိလိုက်ရတာလဲလို့ ကိုယ့်ကိုကိုယ်အပြစ်တင်မိနေတာလည်း အိပ်ရာနိုးထဲကအခုအချိန်ထိ။
"ပိုင်ပိုင် စိတ်ညစ်စရာရှိနေလို့လား"
ကိုထူးအောင်တောင်အလိုမကျတဲ့သူ့ကိုရိပ်မိနေကာ မေးလာတော့သည်။
"မရှိပါဘူးဗျာ"
"ဒါဆို တစ်ခုခုစိုးရိမ်စရာများရှိသလား"
"ကျွန်တော့်မျက်နှာမှာ emotional ပေါ်နေပြီလား"
"ဟုတ်တယ် ပိုင်ပိုင်ကိုဒီလိုမြင်ရတာ ပထမဆုံးပဲ"
"ဟားဟား ဟုတ်မယ် နည်းနည်းစိုးရိမ်ပူပန်ရတာလေးရှိလို့"
"ကဲ ဆော့နေတဲ့အချိန်မှာတော့ အားလုံးမေ့ထားလိုက်ဟုတ်ပြီလား ဒီနေ့လက်မောင်းနဲ့နောက်ကျောဆော့မယ်နော်"
"အိုကေ ကိုထူးအောင်"
မေ့ထားတာပဲကောင်းတယ်မဟုတ်လား။ ပြန်တက်သွားလို့ ခေါင်မေးလာရင်လည်း သူတောင်းပန်လိုက်မယ်လို့ စိတ်ကူးလိုက်သည်။ မတော်တရော်သွားလုပ်တာလည်း သူဖြစ်သလို တောင်းပန်ဖို့စိတ်လည်းရှိရမယ်မဟုတ်လား။
"လက်မောင်း တစ်ဖက်ကိုအခါ ၂၀ လုပ်မယ်နော် အလေးနိုင်တယ်မလား ပိုင်"
"နိုင်တယ် ကိုထူးအောင်"
"ကျွန်တော်ပြောပါတယ် ပိုင်ပိုင်က ကျင့်သားရနေပြီးသားဆိုတော့အများကြီး train စရာမလိုပါဘူးလို့"
Gym မှာ ၃ နာရီလောက်အချိန်ပေးပြီးတာနဲ့ သက်ဦးဆံပိုင်အပေါ်ကိုပြန်တက်ခဲ့လိုက်သည်။ သူ မဆင်ခြင်ပဲလုပ်လိုက်တဲ့ အလုပ်တစ်ခုကို သူသတ္တိရှိရှိပြန်တောင်းပြန်ရအုန်းမယ်။
"ပြန်လာပြီလား"
မီးဖိုချောင်ဘက်ကိုရေဗူးသွားယူတော့ မီးဖိုချောင်ထဲမှာရှိနေတဲ့သူက သူ့ကိုအရင်မေးလာသည်။