Part 13

3.5K 198 8
                                    

U+Z

"ခေါင်"

"အင်း gym သွားပြီတောင်ထင်နေတာ"

"မေးစရာရှိလို့"

"အင်းမေးလေ gym သွားရင် မနက်စာယူသွား၊ များများလုပ်ပေးထားတယ်"

"အစက ဒီအတိုင်းထားလိုက်အုန်းမလို့ပဲ စိတ်ကမရတော့လို့"

"ဘာမေးမလို့လဲ"

သူ့ကိုမကြည့်ပဲ gym သွားရင်စားဖို့ကိုလုပ်ပြီး တစ်ဗူးပြီးတစ်ဗူးထည့်နေသည်။

"ဟိုညက နမ်းလိုက်တာကို ဘာဖြစ်လို့ဘာမှမပြောတာလဲ"

သူ့ကိုနောက်ခိုင်းထားတဲ့ ခေါင်ရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။ ခေါင့်ဘက်က မသိကျိုးကျွန်ပြုထားလို့ မမေးဘူးလုပ်ပေမယ့် သူဒီကိစ္စကို ခေါင့်လိုကျော်လွှားမသွားနိုင်တာတဲ့ အဆုံး ထုတ်မေးလိုက်တာဖြစ်သည်။

"မူးမူးနဲ့လုပ်လိုက်တာကို ကိုယ်ကဘာမေးရမှာလဲ"

သူ့ဘက်ကိုလှည့်ပြောလာတဲ့စကားတွေက တည်ငြိမ်စွာ။

"မူးမူးနဲ့ပြောရအောင် အဲ့ဒိအချိန်တုန်းက သက်ဦးဆံပိုင်က အသိစိတ်လွတ်နေလို့လား"

"ပိုင် ဘာမှမဟုတ်တာကို ပြဿနာရှာမနေနဲ့ လုပ်စရာရှိတာလုပ်"

သူ့ကိုနောက်ပြန်ခိုင်းသွားပြန်သည်။ ဒါကဖြစ်သင့်ရဲ့လား။ ဒါက ပြဿနာရှာနေတာမှမဟုတ်ပဲ။ အဖြေရှာနေတာလေ။

"ခေါင်..."

"ကိုယ်ပြောပြီးပြီလေ မူးနေလို့ နမ်းမိသွားတာကို ကိုယ်ကဘာဖြစ်ရမှာလဲ"

"မူးနေလို့ မဟုတ်ဘူးလို့ပြောနေတယ်လေ"

"မူးနေလို့မဟုတ်ရအောင် ပိုင် သောက်ထားတာ ပိုင်အသိပဲမဟုတ်လား"

"ကာယကံရှင်က မမူးပါဘူးဆိုတာကို ဘေးကကြည့်ပြီးမူးနေတယ် အတပ်ပြောရအောင် ခေါင်က စိတ်ဖတ်နိုင်နေလို့လား"

ကျစ်!

"အခု ဘာဖြစ်လို့လဲ ပိုင်"

"ခေါင့်ဘက်က ငြိမ်နေတာမဖြစ်သင့်ဘူး အမှန်ဆို..."

"ကိုယ် ဘာမှမဖြစ်ဘူးလို့ပြောနေတယ်လေ"

"ဒါ ခေါင့်ဘက်က စိတ်ရင်းလား"

The Day After Today (Complete)Where stories live. Discover now