U+Z
Heaven ရဲ့မီတင်ခန်းထဲမှာ မင်းခေါင်ထိုင်နေပြီး အန်ကယ်စောပါ ရောက်နေသည်။ သူတို့နှစ်ယောက်ထဲ ဖြစ်ကာတခြားဘယ်သူမှမရှိ။
"မင်း ဖတ်ပြီးပြီလား"
"တဝက်တပြတ်ပေါ့ အန်ကယ်"
ကျစ်!
ပြောလဲပြောမင်းခေါင်က စုတ်သတ်သည်။
"မင်းလေးလေးက သားချောအသက် ၁၆ နှစ်လောက်ထဲက အနီးကပ်အားလုံးလုပ်ပေးခဲ့ရတာ"
သူ ဒါတွေကိုသိပြီးသား။ စာမျက်နှာကရဲ့အစမှာ ပိုင် အသက်ဘယ်လောက်ဆိုတာရော ကျောင်းကိစ္စတစ်ဖက်နဲ့အချိန်ကိုညီအောင် ဘယ်လိုညှိပေးရမလဲ ဆိုတာတွေရော အားလုံးချရေးထားတာ။
"ဦးလေးနဲ့တူလိုဖြစ်နေတော့ သားချောက သူ့ကိုငါ့ထက်တောင် အားကိုးသေးတာ အဟင်း"
ရိုက်ကူးရေးတစ်ခုကို သူလက်မခံနိုင်တာကို ရဲထွဋ်ကိုအားကိုးပြီး သွားရိုက်တဲ့သားချောက ရဲထွဋ်ကိုဘယ်လောက်များ အားကိုးလိုက်သလဲ။ သူ့မျက်လုံးထဲကမထွက်ဘူး။ ကျောင်းတက်နေတဲ့အချိန် ဆယ်ကျော်သက်လေးဖြစ်တဲ့သားချောကို photo model အဖြစ်ကမ်းလှမ်းတာနည်းမှမနည်းပဲ။ စာဘက်ကို အားနည်းသွားမှာဆိုးလို့ မရိုက်ခိုင်းတာကိုလေးလေးကိုကျော်ပြီး ဦးရဲဆိုပြီး တစ်ဖက်ကိုအားကိုးပြီး သွားရိုက်သေးတာ။ အနီးကပ်နေရတဲ့ ရဲထွဋ်ကို လေးလေးအရင်းတစ်ယောက်သဖွယ် ပိုကပ်ပြီးလိုချင်တာရှိရင်လည်းသူ့ကိုမပူဆာတော့ပဲ ရဲထွဋ်ကိုပဲပူဆာတော့တာ။ ရဲထွဋ်ကလည်း သူ့ထက်တောင် သားချောကိုအလိုလိုက်သေးသည်။
"ရဲထွဋ်ကို ဘယ်လောက်အားကိုးလဲဆိုရင် ငါနဲ့အတိုက်အခံလုပ်ပြီး ရဲထွဋ်အားကိုးနဲ့အိမ်ပေါ်ကဆင်းမယ်လုပ်သေးတာ မင်းခေါင်ရ"
အန်ကယ်က မချိတင်ကဲနဲ့သူ့ကိုပြောပြရှာသည်။ ပြဿနာတွေစတက်တဲ့အစ...
ဆယ်ကျော်သက်လေးဖြစ်တဲ့ သက်ဦးဆံပိုင်ရဲ့ရုပ်ရည်က ပြောစရာမလိုအောင်ကို ချောရက်လွန်းတာဖြစ်သည်။
"ဦးက သားရဲ့ မန်နေဂျာလုပ်ပေးမယ့်သူ ရဲထွဋ်လို့ခေါ်တယ်"
ဆယ်ကျော်သက်ဂျစ်ကန်ကန်သက်ဦးဆံပိုက် မန်နေဂျာ လာမိတ်သူကို တစ်ချက်ပဲကြည့်ပြီး ဂိမ်းဆက်ဆော့နေသည်။ ရဲထွဋ်မှာ ဒီကလေးနဲ့ရင်းနှီးဖို့ကို နည်းမျိုးစုံစဉ်းစားရသည်။