အညိုရောင်ကျွန်းခုတင်အထက်မှာ ခါးတစ်ဝက်မှီလျက် ထိုင်နေသော မင်းလှငယ်တွင် အပေါ်ပိုင်း ဗလာဖြင့် ဖြစ်သည်။စိတ်လွတ်ကိုယ်လွတ် နေချင်သောအခါတွင် လာလို့ရအောင် မည်သည့်အစေခံမှမထားဘဲ သူတစ်ယောက်တည်းသိတဲ့ မြို့ထဲမှာ ပြင်ထောင်အိမ်တစ်ခု ဆောက်ထားသည်။
ပွဲတော်ရက်မှာ ရင်းနှီးခဲ့တဲ့ မိန်းမပျိုလေးက ယခု သူ၏ အိပ်ရာထက်တွင် အဝတ်မဲ့လျက် လဲလျောင်းနေပြီ။သူမ ဝတ်ဆင်လေ့ရှိသော ညိုညစ်ညစ်အဝတ်အထည်များက ခုတင်ခြေရင်းမှာ ပြန့်ကျဲလျက်။
တဘတ်စောင်အထူကို ပခုံးထိ ဆွဲခြုံပေးလိုက်ပြီး လူးလွန့်၍ နိုးလာသော သူမ ကို ပြုံးပြလိုက်သည်။သူမက မင်းလှငယ်ကို တစ်ချက်သာ မော့ကြည့်ပြီး နားရွက်ဖျားများနီရဲကာ ရှက်ပြုံးလေးဖြင့် မျက်နှာကို ငုံ့ထားသည်။
"နေသာရဲ့လား"
မင်းလှငယ်၏ အသံမှာ ပုံမှန်ထက် နူးညံ့၏။သို့သော် ခံစားချက်မပါဘူးဆိုတာတော့ မိန်းမပျို မရိပ်မိ။ရှက်စိတ်နဲ့သာ ခေါင်းညိတ်ပြသည်။
သူမ ကိုကြည့်နေရင်းမှ မိမိ အကြံအစည်မှာ ဓားစာခံဖြစ်သွားရပြီး သူများသားသမီးကို ကျူးလွန်မိလိုက်တာကြောင့် မင်းလှငယ် ကိုယ့်ကိုယ်ကို စိတ်တိုမိလာသည်။တွေ့တာ ရက်ပိုင်းသာ ရှိပေမယ့် မကြွေ ကြွအောင် ခြွလေိုက်တဲ့သူ့ကြောင့် ဒီမိန်းကလေး စိတ်ရင်းနဲ့ကြွဆေင်းလာတာ။
ဒါကို အခွင့်ကောင်းယူပြီး မိခင်ကိုရွဲ့ချင်တဲ့စိတ်နဲ့ ပြင်မရတော့တဲ့အထိ သူ သွားလိုက်မိတာဖြစ်သည်။တိုင်းတစ်ပါးက ဂုဏ်သရေရှိမိန်းကလေးနဲ့ ဇွတ်အတင်းလက်ဆက်ပြီး ဦးရီးတော်ကို ပုန်ကန်ဖို့ နောက်ခံအင်အားစုနေတဲ့ မိခင်ရဲ့ အကြံအစည်ကို ဖျက်ဆီးဖို့ သူလုပ်ဆောင်လိုက်တာဖြစ်သည်။
သာမန်အရပ်သူ တစ်ယောက်ကို အိမ်တော်ပါကြင်ယာတော်တစ်ပါးအဖြစ် မြောက်လိုက်ရင် မယ်တော် ဘာတတ်နိုင်အုံးမလဲ။
"ကျွန်မကြောင့် စိတ်ညစ်နေရသလား အမောင်"
မျက်မှောင်ကုတ်ကာ ငြိမ်သွားသော မင်းလှငယ်ကို ကြည့်ကာ ကပိုကရိုလေးဖြင့် သူမ ကိုယ်တစ်ပိုင်းထကာ မေးသည်။ဘာမြှပန်မပြောသေးဘဲ ကြည့်နေတာကြောင့် သူမ မျက်နှာလေး ညိုးလျက်
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)