ဘိသိက်ခံ အောင်စည်အောင်မောင်းသံတခြိမ်းခြိမ်းက သူရိယတိုင်းတခွင် ပြန့်နှံ့နေသည်။ နေ့စေ့ လစေ့ ကိုယ်ဝန်သည် အမျိုးသမီးအား မြေတွင်မထိဖို့ ခင်ပွန်းဖြစ်သူမှ လယ်ထဲကနေ ပြန်လာကာ တဲအိမ်ကွပ်ပျစ်အထက်မှာပဲနေစေသည်။ သူခန့်မှန်းထားသည့် အချိန်နဲ့ ကွက်တိဆိုသလို မြေငလျှင်လှုပ်ခတ်လာပြီး မင်းလောင်းအသစ်ကို ပထဝီမြေကြီးမှ ဦးခိုက်ကြိုဆိုခဲ့လေပြီ။
ကောင်းကင်ပေါ်က တိမ်ဆိုင်မည်းတွေကိုမော့ကြည့်ရင်း သူ့ရင်ထဲပူစရာ အရင်လို တိုင်းရေးပြည်ရေးမဟုတ်။မိခင်၏ လောဘအတွက် သားကောင်ဖြစ်ရမည့် အရေးမဟုတ်သလို ခန္ဓာတစ်ခြမ်းလို့သတ်မှတ်ရသည့် အစ်ကိုအတွက်လည်း စိတ်အေးရပြီ။လက်ရှိပူပင်စရာက ပွေ့ဖက်ထားသည့် ဇနီးသည် ငလျှင်ဒဏ်ကို မကြောက်စေရန်နှင့် အနာဂတ်မှာမွေးဖွားလာမယ့် ရင်သွေးအတွက်သာ ဖြစ်တော့သည်။
အရှင်ဘုရင်အသစ် နန်းတက်ပြီးတာနှင့် တဖြည်းဖြည်းပြိုကျလာသည့် မိုးရေစက်တွေက မြေပြင်ပေါ်သို့ မရှေးမနှောင်းရောက်ရှိလာသည်။သစ်ရွက်ခြောက်တစ်စမှမရှိဘဲ သစ်လွင်နေသော အုတ်ဂူပေါ်သို့ စိုစွတ်လာမှ တစ်ကိုယ်လုံးမိုးရေရွဲနေကြောင်း သတိထားမိသူတစ်ဦး။အနီးအနားတွင် ရှိစေချင်သော ဆန္ဒကြောင့် အထိမ်းအမှတ်ကျောက်တိုင်ဘေးမှာသာ နေ့နေ့ညညကုန်ဆုံးနေသော စစ်သည်တော်က သူ့ကိုယ်သူထက် အသက်မဲ့အုတ်ဂူကို မိုးရေထိမှာစိုး၍ ဝတ်ရုံဖြင့်အုပ်ပေးနေသည်။
နောင်တ တရားကို ပွေ့ပိုက်လျက် ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံး အဆိုးအကောင်းပိုင်းခြားကာ ရှင်သန်နိုင်ဖို့ ကြိုးစားတဲ့အခါ ဖေးမကူညီတဲ့ချစ်ရသူက ပါရမီဖြည့်သည်။တောရွာဇနပုဒ်လေးတစ်ခုမှာ ပညာဆိုသည့်အရာကို ကလေးငယ်များအား မျှဝေသင်ကြားရင်း တချိန်က ဓားကိုင်ခဲ့တဲ့ အမျိုးသားက ယခု ပိုက်ကွန်ထမ်းပြန်အလာကို စောင့်ကြိုနေဖို့သာ သူ့ဘဝရဲ့ တစ်နေ့တာ။
ပလ္လင်အထက်ရှိ ဧကရာဇ် ဘုရင်၏ မျက်ဝန်းညိုများကတော့ အနောက်ရပ်ကိုသာ မျက်နှာမူလျက်။
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)