ဆင်ဖြူတော်ကို ပင့်ဆောင်ပြီး မြို့တော်ကို ပြန်လာတော့ မြို့ရိုးတံခါးအဝမှာတင် မင်းညီမင်းသား၊မိဖုရား၊မူးမတ်များနှင့် တိုင်းသူပြည်သားများက ကြိုဆိုကြသည်။ဆင်တော်ကို မင်္ဂလာရည်သွန်းလောင်း၍ ဘုရင့်၏ မှန်နန်းဆောင်အနီး ရွှေကြာခတ်အဆောင်တော်တွင် နေခွင့်ရသည်။
ခရီးရောက်တာနှင့် ဇမ္ဗူဒီပအရှင်မှာ အနားယူခြင်းမရှိ။ညီလာခံခေါ်ပြီး ရာဇသံပေးထားသော မြို့စား ၊ စော်ဘွား တက်ရောက်သလား စစ်ဆေးသည်။ သို့သော် ပယင်းမြို့စားကတော့ အခုထိအရှင်၏ အမိန့်ကို လျစ်လျူရှုနေဆဲ။
ဆင်ဖြူတော် ဆောင်တုန်းက ကျရှုံးသွားတဲ့ ဆင်ကဲတွေ၏ မိသားစုများကို စောင့်ရှောက်မူပေးဖို့ နေရာချထားပြီးမှ ပုန်ကန်နေသည့်မြို့စားအား နိုမ်နင်းဖို့အမိန့်ထုတ်သည်။
ညီလာခံတွင် ရဲခေါင်ကစစ်သူကြီးပီပီ အရှင်ကိုယ်တိုင်ချီစရာမလို၊သူသာလျှင် နှိမ်နင်းမည်ဟုလျှောက်သည်။ထိုအခါ ပတ္တမြားမြို့စား မင်းလှကြီးမှ တပ်မတစ်ခုကိုဦးဆောင်၍ လိုက်မည်ဖြစ်ကြောင်း လျှောက်တင်၏။
ပယင်းမြို့က ကမ်းစပ်ဒေသဖြစ်တာကြောင့် ရေကြောင်းအားကောင်းသည့် မြို့တစ်မြို့ပင်။ထို့ကြောင့် စစ်သူကြီးမဟာသူရကျော်ထင်က တိုက်လှေအစီး (၅၀၀) ၊စစ်သူရဲ (၂၀၀၀) ဖြင့် ရေကြောင်းမှ ချီ၍ ကုန်းကြောင်းတွင် တိုက်ဆင်အစီး (၄၀) ၊ မြင်းစစ်သည် (၂၀၀) ၊ စစ်သူရဲ ၅၀၀ ဖြင့် ပတ္တမြားမြို့စားက ဦးစီးသည်။
ညီလာခံမှာ ဇမ္ဗူဒီပအမိန့်ထုတ်ပြန်ပြီးတာနှင့် အမြန်ပြင်ဆင်ဆောင်ရွက်ပြီး စစ်ကြောင်းကို စတင်ချီ၏။သူရိယမြို့မှ ခွာချိန်တွင်သာ မင်းလှကြီးနဲ့ ရဲခေါင် အတူဖြစ်ပြီး ပယင်းမြို့သို့ ဦးတည်ရာတွင်တော့ ရေကြောင်းနဲ့ ကုန်းကြောင်းတစ်လမ်းစီကွဲသွားသည်။
သွေးသံရဲရဲကြားမှာ စစ်သည်အပေါင်းကို ဦးဆောင်ဖို့ ဒီနုနုနယ် မင်းသားငယ်ကို ရဲခေါင်စိတ်မချသော်လည်း သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားသော စစ်ပညာကြောင့် ပေးလွတ်သည်။ထို့အတူ ချစ်ရသူအတွက် ဂုဏ်ယူဝမ်းမြောက်သည်မှာ များစွာဖြင့်။
ŞİMDİ OKUDUĞUN
ဗောင်းကြော့ရင်သွေး(Royal's Son)