ဟင်္သာတိုင်းပြည်၏ ညချမ်းအချိန်အခါ။စစ်မက်မရောက်ရှိလာသေးတာကြောင့် တိတ်ဆိတ်ဟန်ရှိသော်လည်း အမူထမ်းများရင်ထဲတော့ မငြိမ်းနိုင်သည့်မီးများရှိနေသည်။
ရိက္ခာ၊လက်နက်စသည်တို့ကို ပြင်ဆင်စရာရှိတာ ပြင်ဆင်နေ၏။စစ်ပွဲအတွက် ကြီးကြပ်ဖို့တာဝန်အသီးသီးပေးပြီးတာနှင့် ဘုရင်ဆင်ယဉ်မင်းက သူ၏ နန်းဆောင်ကိုမပြန်ဘဲ အနောက်နန်းဆောင်ဘက်ကိုကြွမန်းသွားသည်။
ထိုအနောက်နန်းဆောင်တွေထဲမှ သူကိုယ်တိုင်အလှဆုံးပြင်ဆင်ပေးထားသည့် တောင်နန်းစံမိဖုရားခေါင်ကြီးရဲ့ အဆောင်တော်ထဲဝင်သွားတဲ့အခါ အခြွအေရံများက အပြင်မှာတင်နေခဲ့ကြသည်။ဆင်ယဉ်မင်းဝင်သွားတော့ သလွန်ပေါ်မှာ လဲလှောင်းနေသည့် သူမက အတွေးများကာ အိပ်မပျော်နိုင်ကြောင်းတွေ့ရသည်။
သူ့ကိုမြင်တော့ ကပိုကရိုလေးညင်သာစွာထလာပြီး အရိုအသေပေး၏။ဆင်ယဉ်မင်းက သူမနဲ့အတူ သလွန်ပေါ်မှာထိုင်လိုက်ပြီး နူးညံ့ပြည့်ဖြိုးနေသည့် ပါးပြင်လေးအား လက်နဲ့ထိကာ ပွတ်သတ်ရင်း
"ငါကိုယ်တော် မင်းကို ဘယ်သူမှ မမြင်နိုင်တဲ့နေရာမှာ ဝှက်ထားချင်တယ် ... ရှေးကျမ်းစာတွေထဲက ဖန်ပေါင်းချောင်ထဲမှာဆေးရေစိမ်ထားတာသာ တကယ်လုပ်လို့ရရင် မင်းကိုသတ်ပြီး ရုပ်ကလာပ်ကို ကိုယ်တော်တစ်ယောက်တည်း သိမ်းထားနိုင်မှာ"
မျက်ဝန်းသေတြွေဖင့် စိုက်ကြည့်ကာ ပြောနေသော ဘုရင်တစ်ပါး၏ အတ္တ။တုန်လှုပ်နေတဲ့ မိဖုရားမှာတော့ ဘာမြှပန်မပြောနိုင်။သူမရဲ့ အလှတရားကပဲ စစ်တွေနဲ့ အသက်တွေကိုခြွယေူပြီး သူမကိုယ်တိုင်ကိုပါ ဒုက္ခပေးနေခဲ့ခြင်းဖြစ်သည်။
......
သူရိယတိုင်းတွင် အရေးတကြီးညီလာခံကျင်းပနေသည့် အဆောင်တော်ကြီးထဲတွင် စစ်သေနာပတိများ အဓိက တာဝန်ကျနေသည်။ စာချွန်လွှာနဲ့လွှတ်လိုက်သော သံတမန်တော်ကို သတ်လိုက်တာက စစ်ပွဲကြေငြာလိုက်သည့် သဘောဖြစ်တာကြောင့် ဇမ္ဗူဒီပ ချက်ချင်း စစ်မက်ပြင်ဖို့ ရဲခေါင်ဖြင့် ဆွေးနွေး၏။
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)