အကြောက်တရား။
ယုံကြည်ကိုးကွယ်မူ နဲ့ သစ္စာတရားရဲ့ မြစ်ဖျားခံခြင်းဟာ အကြောက်တရားဆိုသည့် အရာဖြစ်သည်။ရှိမြဲရာထူးကနေ ထွက်ရမှာကြောက်တယ်။ပစ္စည်းဥစ္စာ ဆုံးရှုံးရမှာကြောက်တယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးကွာရမှာ ၊ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာကြောက်တယ်။
ရင်ထဲက ဘယ်လောက်ပဲ မျိုးချစ်စိတ်ဆိုတာကို ဖော်ညွန်းနေလဲ နှစ်ပေါင်းများစွာ ရိုက်ထည့်ထားသောအကြောက်တရား။ ဇမ္ဗူဒီပအရှင်ရဲ့ အားနည်းတာတောင် ထွန်းလင်းနေဆဲဖြစ်တဲ့ အရှိန်အဝါကြောင့် သစ္စာဖောက်ဖို့တောင် ပြတ်သားခြင်းမရှိတဲ့ သူရိယတိုင်းက အမတ်တချို့ရှိကို ရှိလိမ့်မည်။ အတူရောပြီး မကြံစည်ရင်လည်း အမျိုးယုတ်ဟု စွပ်ဆွဲခံရမည်စိုးသောကြောင့် ရာဟုဆီမှာသစ္စာခံပြီး လွဲချော်ခဲ့ရင်လည်း အသက်ဘေးလွတ်ဖို့ အလက်ရှိဧကရာဇ်ဆီမှာ အတိတ်တဆိတ် လျှောက်တင်မယ့် လျှာနှစ်ခွနဲ့ လူတွေ။ထို့ကြောင့် ဇမ္ဗူက ရာဟုရဲ့ နာမည်အရင်းကို သိရှိနေပြီးဖြစ်သည်။
သူရိယတိုင်း၏ အုတ်မြစ်တွေအလိုရှိသော သွေးရင်းအစစ်ကို နန်းပေးရင်ပေး။မပေးရင်လည်း ထိုသွေးသားကိုသတ်ပြီး အောင်နိုင်ကြောင်းပြကာ ဇမ္ဗူက ဆက်လက်စိုးစံရမည်။
အကယ်၍ တွယ်ငြိခဲ့ဖူးသော သံယောဇဉ်ကြောင့် ဆက်ခံသူအစစ်ဖြစ်တဲ့ ရာဟုကို ပေးခဲ့ရင်တောင် ဇမ္ဗူအသက်ရှင်နေတာကို အလိုမရှိသူများ၏။ ဧကရာဇ်တစ်ပါး၏ မာနကလည်း နန်းကျဘုရင်ဆိုသည့် ဂုဏ်ပုဒ်ထက် သေခြင်းကိုသာ ရွေးလိမ့်မည်။သူ့မှာ သာမန်လူတွေလိုအကြောက်တရားမရှိ၊ ကြီးမားသော ချစ်ခြင်းမေတ္တာကြောင့်သာ မျက်နှာတစ်ချက်မှမပျက်ဘဲ သည်းခံတော်မူနေခဲ့တာ။
အရာရာအကဲခတ်ပြီး မြင်နိုင်စွမ်းရှိသော ဘုရင်က ဘယ်အချိန်ကတည်းက သိနေသလဲဆိုတာ မခန့်မှန်းနိုင်သော်လည်း ရာဟု ဓားမထုတ်မချင်း သူ့ဘက်က တစိုးတစိမှ ရန်လိုမူမရှိခဲ့။အချိန်တန်ရင် ပုန်ကန်မယ်လို့သိနေတာတောင် စိတ်ရော ခန္ဓာပါ အကုန်ပုံအပ်ပြီး မေတ္တာထားခဲ့တဲ့ ဘုရင်ရဲ့ ချစ်ခြင်းတွေ။တစ်ခါမှ ငိုကြွေးခဲ့ခြင်းမရှိသည့် သတိုးသင်္ခရာဇာမင်းသား၏ ပါးပြင်တွင် မျက်ရည်တို့ ရှိနေသည်။
KAMU SEDANG MEMBACA
ဗောင်းကြော့ရင်သွေး(Royal's Son)