မီးဖိုမှလာသည့် တဖြောက်ဖြောက်အသံနှင့် တောကောင်ငယ်လေးတွေ၏ အော်သံကြားရသည်။ ပြင်ပေးထားသည့် သစ်တုံးပေါ်ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို ဇမ္ဗူငေးကြည့်မိ၏။ အရင်က တောထဲတောင်ထဲတွေစစ်ထွက်သည့်အခါ တစ်ဖက်ရန်သူရဲ့ အားနည်းချက်ကိုသာ အာရုံစိုက်နေတာကြောင့် ဒီအလှတရားရှိမှန်းတောင် သတိမထားမိခဲ့။
တခါတရံ ရည်မှန်းချက်နဲ့ အလင်းတန်းတွေ မရှိတော့တဲ့အခါ တိတ်ဆိတ်ခြင်းနဲ့ အမှောင်ထုကြားမှာပဲ တန်ဖိုးဖြတ်လို့မရသော အတွေ့အကြုံတွေရှိနေတာမျိုး။
"အေးတယ် အပြင်မှာအကြာကြီးထိုင်လို့မကောင်းဘူး"
ကိုယ်ပေါ်သို့ ခြုံလွှာတဘတ်တစ်ထည်လွှမ်းရင်း ဆိုသည့်သံ။ရှေ့ဆင့်နောက်ဆင့်ဆိုသလို လက်ထဲကိုလည်း ရေနွေးကြမ်းပူပူတစ်ခွက်ရောက်ရှိလာ၏။အမြဲအေးစက်တဲ့ မျက်နှာထားနဲ့ ဂရုစိုက်တတ်တဲ့ ကိုယ်ရံတော်ကို အပြုံးဖြင့်ငေးကြည့်ပြီးမှ ကြယ်တွေကိုပြန်မော့ကြည့်သည်။လက်ဖက်ခြောက်ရနံ့သင်းသင်းက နှာဖျားတွင်ရစ်သီတော့ တူတော်သောင်ယံကို သတိရမိကာ ဇမ္ဗူမျက်နှာချက်ချင်းငြိုးကျသွား၏။တူတော်သောင်ယံနဲ့မင်းလှကြီး၊နောက်ပြီး ရဲခေါင်။သူတို့တွေ အနားမှာမရှိတော့တာက ဇမ္ဗူအတွက် ဘယ်တော့မှ အသားကျသွားမယ့် အရာမဟုတ်ပေ။
"တဲထဲဝင်တော့"
လက်မောင်းကနေဆွဲကာ 'မ'ယူလိုက်သည့်လက်က အားအင်များစွာကွာခြားနေပြီဖြစ်ကြောင်းသိသာလှ၏။ သူကိုယ်တိုင်လည်း ရုန်းကန်ခြင်းမရှိ အရှင်ဘုရင်ပေါ်မရိုမသေပြုသည့် လူငယ်နောက် လိုက်ပါသည်။ အဆောင်ဆောက်ဖို့ ပစ္စည်းတွေမပါသေးတာကြောင့် အဝတ်နဲ့သာဆောက်ထားသည့် တဲငယ်အတွင်းမှာ အိပ်ယာခင်းကပြန့်ပြူးလျက် သပ်သပ်ရပ်ရပ်။ ဇမ္ဗူတဲထဲဝင်ပြီးတာနဲ့ ပြန်ထွက်ဖို့ပြင်နေသော ရာဟုလက်ကိုလှမ်းဆွဲလိုက်ပြီး
"ဘယ်သွားမလို့လဲ"
"တဲအပြင်ကစောင့်မယ် စိတ်ချလက်ချအိပ်"
"မင်းရော ဒီမှာလာအိပ်"
" ကျဉ်းတယ်လေ"
ဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပေမယ့် ဇမ္ဗူခေါင်းယမ်းပြပြီး ခေါင်းအုံးပေါ်သို့ အရင်လှဲချကာ လက်မောင်းကိုဆန့်ထုတ်လိုက်သည်။ထို့နောက် အရင်ကထက် အနည်းငယ်ပိန်နေသော မိမိလက်မောင်းပေါ်ကို နှစ်ချက်မျှပုတ်လိုက်ပြီး
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)