မနက်မိုးသောက်အလင်းရောက်တာနှင့် မယ်တော်မဟာဒေဝီ၏ အဆောင်တော်မှ အထိန်းတော်ကြီးများက ဟင်္သာမိဖုရားအဆောင်တော်ဆီ ရောက်လာကြသည်။အိပ်ဆောင်အတွင်း စစ်ဆေးမူတြွေပုလုပ်တဲ့အခါ အိပ်ရာခင်းပေါ်တွင် သွေးစတွေ့တော့ ပျော်ရွှင်သွားပြီး မယ်တော်မဟာဒေဝီကိုလျှောက်တင်ဖို့ပြန်သွားကြ၏။
မနေ့ညက မကြည်ဖြူတဲ့ပုံစံနဲ့ပြုမူခဲ့သည့် ဘုရင့်လုပ်ရပ်မှာ ကြိုတင်မူတွေရှိနေတာကြောင့် ဟင်္သာရော သီဟပါစိတ်ထဲမှ အံ့ဩစွာရေးရွတ်မိသည်။
* ဧကရာဇ်ပီသပါပေတယ်*
အထိန်းတော်တြွေပန်သွားပြီး မကြာခင် ဟင်္သာဒေဝီကို မယ်တော်ကြီးက အခေါ်တော်လွှတ်သည်။လက်မောင်းက ဒဏ်ရာကိုမမြင်အောင် ဖဲသားအပိတ်ဝတ်ဆင်ပြီး ဝေါယဉ်ဖြင့်ကြွမန်း၏။
မယ်တော်မဟာဒေဝီရဲ့အဆောင်ကိုရောက်တော့လိုလိုလားလား ကြိုဆိုကာ သူ့မအနား ခေါ်ထားသည်။ထို့နောက် ကြာခတ်ဆံထိုးတွေအပြင်အာဟာရဖြစ်စေမယ့် မုန့်နဲ့ဆေးဝါးများ။ကိုယ်ဝန်ဆောင်ရာမှာ လိုအပ်တဲ့ညွှန်ကြားချက်တွေအပြင် မိခင်ကောင်းတစ်ယောက်ရဲ့ စိတ်ထားနှင့် ကျင့်ဝတ်တွေရေးထားသည့် စာအုပ်တွေပေးသည်။
သင့်တော်မယ့်ရက်မြတ်ကို ထပ်ရွေးပြီး ဇမ္ဗူအဆောင်တော်ကူးတဲ့အခါ ဇနီးမယားတစ်ယောက်ပြုမူရမယ့်အရာကိုလည်း တီးတိုးသင်ကြားပေး၏။ခေါင်းငုံ့နားထောင်နေပေမယ့် ဟင်္သာ မျက်နှာမှာ သူ့အဆောင်ပြန်ရောက်တဲ့အထိ နီရဲနေဆဲ။
အစ်ကိုကလွဲပြီးကျန်တဲ့အစေခံတွေ အပြင်ထွက်သွားမှ သလွန်ပေါ် ခွေခေါက်ကာ စိတ်လွတ်လက်လွတ်လဲချလိုက်၏။ အစ်ကိုက ခြေချင်းတွေနဲ့ ဆံထိုးတို့ကိုဖြုတ်ပြီး သက်သောင့်သက်သာဖြစ်စေမယ့် ဝတ်ရုံထုတ်ပေးလာသည်။
ဖဲသားကိုချွတ်ပြီး ပြန်မဝတ်ခင် လက်မောင်းက ဓားရှရာကို ဆေးထည့်ပေးနေတုန်း ဟင်္သာဆီမှ သက်ပြင်းချသံ သဲ့သဲ့လေးထွက်ပေါ်ကာ
"မယ်တော်မဟာဒေဝီပြုံးနေတာ မြင်တော့ အမေ့ကိုသတိရမိတယ် ... ဘယ်လောက်မှ မမြင်ဖူးခဲ့ပေမယ့် စာလွှာပါးတဲ့အခါပါလာတဲ့ ပန်းချီကားထဲမှာဆို မယ်တော်က အမြဲပြုံးနေတတ်တာ "
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)