Ep-8(Zawgyi)

1K 34 1
                                    




တစ်ညလုံး တစ်ရေးမှ အိပ်မထားတဲ့ ရာဟုက အနည်းငယ် နုန်းနေသော်လည်း အရြေှ့မင်းပေါ်မှာ နှင်နေသော ဇမ္ဗူဒီပကတော့ သာမန်နေ့တွေထပ် တက်ကြွစွာ အားအင်ပြည့်ဖြိုးနေသည်။ ရာဟု ထင်ထားသလို ဓားတစ်ချောင်းနဲ့ ရန်သူအလာကိုစောင့်နေတာမျိုးမဟုတ်ဘဲ  အိပ်ရေးဝအောင် အိပ်ခဲ့ပုံပေါ်သည်။

မြို့ရိုး မရှိသော  အန္တရာယ်များသည့် ဆောင်ကြာမြိုင်မှာ စိတ်ချလက်ချအိပ်နိုင်သည်ဆိုတော့ သူ့ရဲ့အစောင့်ရဲမတ်ချထားတဲ့သလွန်ပေါ်က ပိုပြီး အန္တရာယ်များနေသလို။
နန်းတွင်းထဲပြန်ရောက်တာနှင့် မှန်နန်းဆောင်ကိုသွားကာ ရှင်ဘုရင်ဝတ်စုံတော် အပြည့်ဆင်ယင်လျက်  ဆင်ကြုံးသွင်းဖို့စောင့်နေသော မှူးကြီးမတ်ရာများထံ ကြွလှမ်းလာသည်။

မိဖုရားများနှင့် တူတော်များက သပြေခတ်နှင့် အရှေ့ဆုံးမှာစောင့်ဆိုင်းလျက်ရှိပြီ ခရီးတွင်တော့ စစ်သူကြီးမဟာသူရကျော်ထင်၊လေးပြင်ထောင်မှူး မင်းရဲနန္ဒနှင့် ဆင်ကဲများ၊အရှင်ဘုရင်ရဲ့ နောက်လိုက် လက်ရွေးစင်စစ်သည်တို့သာ လိုက်ပါမည်။ဇမ္ဗူဒီပနဲ့ ရာဟုက မြင်းနှင့် အရင်ထွက်ကာနောက်ပါးတွင် ဆင်ယဉ်များအစဉ်လိုက် မင်္ဂလာတံခါးမှ ထွက်ခွာသည်။

"ဦးရီးတော် "

မြို့ရိုးအပြင်ရောက်တော့ အနောက်နားစီမှ ကြားလိုက်ရသည့် ခပ်စူးစူးအသံလေးကြောင့် ဇမ္ဗူမြင်းကိုအရှိန်သတ်လိုက်သည်။အနောက်ပါးစစ်သည်တွေလည်း တစ်တန်းကြီး ရှေ့ဆက်တိုးခြင်းမရှိ။

အပြာနုဝတ်ရုံတော်ကို တောင်ရှည်အား ခါးတောင်းပွကျိုက်ထားသည့်  တူတော် သောင်ယံကဖျော်နေကျ လက်ဖက်ခြောက်အထုပ်တစ်ထုပ်သာ ဆွဲ၍ ပြေးလာနေသည်။မောနေသည့်ကြားက ဇမ္ဗူကို ပြုံးရယ်ကာကြည့်ရင်း

"တူတော်ကိုရော ခေါ်သွားပေးပါ ဦးရီးတော်"

ညီလာခံမှာ မိန့်ဆိုထားသည်က အကြီးတော် အဂ္ဂမဟာသေနပတိနဲ့တူတော်တွေအားလုံး မြို့စောင့်ကျန်ခဲ့ရမည်ဖြစ်သည်။သို့သော် စစ်ရေးစစ်ရာ မကျွမ်းကျင်သည့် ၁၅နှစ်အရွယ် မင်းသားငယ်မှာတော့ အရှင်ဇမ္ဗူဒီပ၏ မျက်နှာသာပေးခြင်းခံရသည့် တူတော်တစ်ပါးပင်။

ဗောင်းကြော့ရင်သွေး(Royal's Son)Donde viven las historias. Descúbrelo ahora