စစ်ရေးလေ့ကျင့်ကွင်းရဲ့ဘေးက တဲနန်းတို့တွင် နန်းတွင်းမှ ဆွေတော်မျိုးတော်အပေါင်းရောက်ရှိနေသည်။ထုံးစံအတိုင်းထိပ်ဆုံးပလ္လင်အထက်မှာ ဇမ္ဗူရှိနေပြီး ဘေးမှာ ရာဟုကဓားကိုင်လျက်ရပ်နေသည်။
တဲနန်းရဲ့အောက်ခြေ ကွင်းနဲ့အနီးဆုံး လက်ယာဘက်တွင်မင်းမူထမ်းများ၊လက်ဝဲဘက်တွင် လမိုင်းအစုကလူများရှိနေ၏။
နေချစ်ချစ်တောက်ပူနေသော ကွင်းရဲ့အလယ်တွင် မင်းလှကြီး ခြေဗလာဖြင့်ဝင်လာသည်။နူးညံ့သည့် ဖဝါးများချက်ချင်းပူကျစ်သွားကာ ရဲတက်လာ၏။သို့သော် တစ်ချက်မှ ဟန်မပျက်ဘဲ ကွင်းလယ်အထိရောက်အောင်လျှောက်လာသည်။အနီရောင်တောင်ရှည်ဝတ်ရုံနဲ့ ပတ္တမြားနားတောင်းကိုဝတ်ဆင်ထားသော်လည်း ချွတ်စွပ်တူနေသော မျက်နှာကြောင့် လယ်မိုင်းအစုလူတွေမှာ ကျူးလွန်သူက မင်းလှကြီးလို့သာထင်နေကြသည်။ ကာယကံရှင်ဖြစ်တဲ့ မြခတ်က ချစ်ရသူအပြစ်ခံယူတာကို မကြည့်ဝံ့လို့ လိုက်မလာခဲ့။ထို့အတူ မင်းလှငယ်မှာလည်း မိဖုရားဟေသီရဲ့ နန်းဆောင်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။
ပါးပြင်တစ်ဖက်ရောင်ကိုင်းကာ နှုတ်ခမ်းကသွေးစို့နေတာကြောင့် ရွာသားများက တရားခံမှာ ပတ္တမြားမြို့စားလို့သာ တစ်ထစ်ချယုံကြည်သွားသည်။ကွင်းလယ်ကိုရောက်တာနှင့် လက်ထဲမှာ ကိုင်လာသော စက္ကူဖြင့်လုပ်ထားသည့်ကျွဲခေါင်းအရုပ်ကို ခေါင်းမှာစွပ်လိုက်သည်။လမိုင်းအစုကသူနဲ့ငြိစွန်းမိတဲ့ မင်းသားတွေ ခံယူရသည့်အပြစ်က ထိုကျွဲခေါင်းရုပ်ကို ခေါင်းမှာစွပ်၍ ဆွေတော်မျိုးတော်တွေ ကျေနပ်မူမရမချင်း တောင်းပန်ကပြရတာဖြစ်သည်။နန်းတွင်းထဲတွင် မင်းသားတစ်ပါးအနေဖြင့် ထိုအဖြစ်အပျက်က အရှက်အရဆုံးပြစ်ဒဏ်ဟု ဆို၍ မမှား။
ကျွဲခေါင်းရုပ်ကိုခေါင်းမှာစွပ်ပြီးတာနှင့် တကယ့်ကျွဲအစစ်ခတ်နေသည့်ဟန် ကိုယ်နဲ့ခေါင်းကိုယိမ်း၍ က ပြသည်။မြေကြီးရဲ့အပူက ခြေဖဝါးမှာထိနေသလို ခေါင်းစွပ်ကြောင့်လည်း ချွေးတို့သီးနေလေပြီ။ခွေခေါက် ကတဲ့ အခါ ခါးမှဒဏ်ရာကလည်းနာလှ၏။
သို့သော် မင်းလှကြီး ကြိတ်မှိတ်၍ က နေတာကို မရပ်ပေ။
YOU ARE READING
ဗောင်းကြော့ရင်သွေး(Royal's Son)