Ep-21(Unicode)

3.3K 415 27
                                    



ဥယျာဉ်တော်ထဲက ယာယီနန်းဆောင်တွင် ဟင်္သာချိုးရေသုံးပြီးထွက်လာသည်။ ခန္ဓာကိုယ်ပေါ်က ရေပျောက်လေးတွေကို သီဟက တဘတ်နဲ့ အသာပြောင်စင်အောင်သုတ်ပေးပြီး အမွှေးနံ့သာဆီလိမ်းပေး၏။

ရင်စည်းကိုချည်နှောင်နေသော နေမျိုးသီဟအား ဟင်္သာငုံ့ကြည့်လိုက်ပြီး သူ့စိတ်ထဲမကောင်းမိ။မွေးကတည်းက ဘဝပေးကံကြောင့် မိန်းကလေးတစ်ဦးလိုသာ နေထိုင်ခဲ့ရတဲ့သူက အသားကျနေသော်လည်း ဘာချို့ယွင်းချက်မှမရှိသော ယောကျာ်းတစ်ယောက်ဖို့ ထိုင်မသိမ်းဝတ်ရန်ခက်ခဲလှသည်။

ကျွန်းမှာနေတုန်းက ကျစ်လျစ်တဲ့ကိုယ်ခန္ဓာမှာ အပေါ်ပိုင်းဗလာသာနေလေ့ရှိတဲ့အစ်ကိုက အခုတော့ဖြင့် မိန်းမစိုးဝတ်စုံနဲ့ဖြစ်နေရသည်။ထမီအရှည်ကို ရင်လျားပုံစံဖြင့် တဘတ်အပါးခြုံလွှမ်းထားရတာကြောင့် အသွားအလာမသက်မသာဖြစ်နေပေမယ့် ဟင်္သာရှေ့မှာ တစ်ချက်မှ စိတ်ပျက်တဲ့ပုံစံပြခြင်း ညည်းညူခြင်းမရှိဘဲ နေတတ်အောင်နေသည်။

ရင်စည်းအညိုပေါ်မှာ ဇာဖောက်ဝတ်ရုံအသားရောင်လေးကြောင့် ဟင်္သာရဲ့အသားအရည်မှာ ပို၍ ဝင်းလတ်နေ၏။ကနုတ်ပန်းအခွေတွေလိုပတ္တမြားစီထားသော ထိုင်မသိမ်း၊မယ်တော်မဟာဒေဝီပေးထားသည့် နဝရတ်ကိုးပါး ခြုံပဝါ။အရှင်ဇမ္ဗူဒီပပို့ပေးလိုက်သော ဘယက်နဲ့ နားတောင်းက လက်ရာမြောက်သည့်အပြင် စိန်ဖြင့်စီချယ်ထားတာကြောင့် တန်ဖိုးဖြတ်လို့တောင်မရ။

ကြေးမုံပြင်ထဲမှာ ထင်ဟပ်နေသည့် ဟင်္သာရဲ့ပုံစံမှာ အရှိန်အဝါကြီးမား၍ မည်သူမှ ယှဉ်ပြိုင်နိုင်ခြင်းမရှိသော အလှတရားကိုထင်ဟပ်စေသည်။ထိုကြေးမုံ၏ အနောက်မှာပေါ်နေသည့် အစ်ကို့ရဲ့ပြောင်းလဲခြင်းမရှိသော မျက်နှာကိုကြည့်ရင်း ဟင်္သာရဲ့ရင်ထဲ ဝမ်းနည်းစိတ်က ကြီးစိုးလျက်။အစ်ကိုက တစ်ခုချင်းစီ ဆက်တိုက်တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ပေးနေသော်လည်း သူကတော့ တစ်ချိန်လုံး အစ်ကိုမျက်နှာသာလိုက်ကြည့်၍ ငိုချမိတော့မည့်အခြေအနေပင်။

ဆံထုံးရဲ့ဘေးမှာ သဇင်ပန်းခတ်တွေကို တစ်ခတ်ခြင်းစီ ပန်ဆင်ပေးနေသည့်  လက်အပေါ်သို့ သူဆုပ်ကိုင်လိုက်သည်။အေးစက်နေတဲ့ အစ်ကို့ရဲ့လက် တစ်ချက်တွန့်သွားသော်လည်း ဟင်္သာကို မကြည့်ဘဲ မျက်လွှာသာချက်ထား၏။

ဗောင်းကြော့ရင်သွေး(Royal's Son)Where stories live. Discover now