Ep-41(Zawgyi)

787 32 1
                                    










"ညီလာခံမတက်တဲ့ မြို့စား၊စော်ဘွားတို့ရဲ့ စာရင်းကို လျှောက်တင်ခွင့် ပြုတော်မူပါဘုရား"

မနက်ခင်းညီလာခံ သိမ်းခါနီး သံတော်ဆင့်ရဲ့ စကားကြောင့် ဇမ္ဗူခွင့်ပြုကြောင်း ခေါင်းညိတ်ပြလိုက်သည်။နာမည်တွေကို တစ်ယောက်ချင်းရေရွတ်လို့အပြီး မတက်သူ စုစုပေါင်း ၄ယောက်ရှိသည်။ သို့သော် မည်သို့မှ မိန့်ကြားလာခြင်းမရှိပေ။

အခုရက်ပိုင်းအတွင်း အရှင်ဘုရင်က အရင်ကလိုနေ့တိုင်းနီးပါး ညီလာခံ ခေါ်ချင်းမရှိတော့ဘဲ တစ်ပါတ်တစ်ခါလောက်သာခေါ်သောကြောင့် ရှိသမျှအရေးကိုအကုန်စုပြီး လျှောက်တင်ရ၏။ထို့ကြောင့် ဘုရင့်အတွက်ဉီးနှောက်ခြောက်စရာများရတဲ့ထဲ ဒီအရေးပါ စဉ်းစားနေရမည်စိုးတာကြောင့် အမတ်တစ်ဉီးမှ သူကိုယ်စားယူဖို့လျှောက်တင်လာသည်။

"ရာဇသံ ပို့ဖို့ ကျွန်တော်မျိုးစီစဉ်လိုက်ပါမယ် ဘုရား"

"နေပါစေ... သူတို့လျှောက်တင်စရာရှိမှ တက်ပါလိမ့်မယ်"

ဇမ္ဗူရဲ့ အမိန့်ကိုကြားတော့ ညီလာခံအတွင်းရှိသမျှလူအပေါင်း တစ်ယောက်ကိုတစ်ယောက် ပြူးပြူးပြာပြာလှမ်းကြည့်ကြသည်။ တစ်ရက်ပျက်ကွက်ရင်တောင် ရာဇသံပေးပို့ပြီး နှစ်ကြိမ်၊သုံးကြိမ် မထိမျက်မြင်ပြုပါလျင် နည်းနည်းလေးမှ သက်ညှာခြင်းမရှိခဲ့တဲ့ ဧကရာဇ်က ယခုတော့ "နေပါစေ"တဲ့ ။ သူတို့နားကြားများလွဲသလားလို့ အမိန့်ကိုထပ်စောင့်ကြည့်သော်လည်း အရှင်ဘုရင်က ပလ္လင်ပေါ်ကနေဆင်းကာ ကြွမန်းနေပြီမို့ ဝတ်တွားဉီးတိုက်လိုက်ရသည်။

အရင်လိုအရာရာတိုင်း စေ့စပ်ပြီး အ‌ရေးယူတဲ့ ဇမ္ဗူဒီပအရှင်မှာ ခွင့်လွှတ်မူတွေ၊မျက်ကွယ်ပြုမူတွေများလာခဲ့တာကို အကြီးတော်သတိပေးချင်သော်လည်း ပြောမထွက်နိုင်။ဘေးနားမှာ အမြဲရှိမယ်လို့ထင်ခဲ့တဲ့ သူတွေကို ဆုံးရှုံးထားရသည့် ဒီဘုရင်လေးမှာ ဘယ်လောက်တောင်သောကတွေများနေလိုက်မလဲ။

စစ်သူကြီးရဲ့နေရာကို အစားထိုးခန့်အပ်ထားခြင်းမရှိသေးတာကြောင့် ဇမ္ဗူကိုယ်တိုင်စစ်ရေးအပိုင်းမှာပါ ကိုယ်တိုင်ဉီးစီးနေရသည်။ညီလာခံပြီးတာနဲ့ ဆင်စခန်းချသည့် တပ်ဘက်ကိုသွားကာ ရဲခေါင်ဖမ်းလာခဲ့သော ဆင်တွေရဲ့ အခြေအနေကိုသွားကြည့်ရသည်။ရတနာတိုင်းပြည်မှာကတည်းက ဘုရင့်ရဲ့ညာလက်ရုန်းဟာ ဆင်ကဲတစ်ဉီးဖြစ်ခဲ့တာကြောင့် တိုက်ဆင်အဖြစ်လေ့ကျင့်ပေးဖို့က ကျွမ်းကျင်နေသော ဆင်ကဲတွေအတွက် ခက်ခဲခြင်းမရှိ။

ဗောင်းကြော့ရင်သွေး(Royal's Son)Donde viven las historias. Descúbrelo ahora