Ep-28(Zawgyi)

861 30 1
                                    









ပထမ တစ်ကြိမ် အဆောင်တော်ဝင်တုန်းကလိုပဲ ဟင်္သာဒေဝီအား အမွှေးနံ့သာများ လိမ်းကာ အဆောင်အတွင်း၌ ပန်းပေါင်းစုံဝေနေအောင်အလှဆင်ထားသည်။ ညနေ နေရောင်ပျောက်တာနှင့် ဇမ္ဗူဒီပက ပန်းခင်းထားသော လမ်းပေါ်သို့လျှောက်လမ်းလာပြီး ဒီတစ်ကြိမ်မှာတော့ မည်သည့်နှောက်ယှက်မူမှ မရှိဘဲ မိဖုရားအဆောင်တော်ရှေ့ကိုရောက်၏။

အမြဲတွန့်ဆုတ်ခြင်းမရှိတဲ့ ဇမ္ဗူဒီပ၏ ခြေလှမ်းများမှာ အနည်းငယ် နှေးကွေးသွားတာကြောင့် အနောက်မှာ ကပ်လိုက်လာတဲ့ ရာဟုနှင့် ပို၍ နီးကပ်သွားသည်။ရာဟုခြေလှမ်းကိုအရှိန်လျော့လိုက်ပြီး ဖြူဖွေးနေသော လည်ဂုတ်ထံ အကြည့်ရောက်မိပြန်သည်။ဒဏ်ရာနက်သော အမာရွတ်ကြီးရှိနေပေမယ့် အကျဉ်းတန်မနေဘဲ မြင်ရတာ ဆန်းနေ၏။ရာဟု ခဏတိုင်းမြင်နေရတာတောင် ရိုးမသွားတာ သက်သေပင်။

ခြေလှမ်းဘယ်လောက်နှေးပါတယ် ပြောလည်း ဆက်လျှောက်နေတာကြောင့် ဇမ္ဗူက မိဖုရားအဆောင်တော်တံခါးရှေ့ရောက်နေပြီး ရာဟုကတော့ အနောက်ကိုသာ  ပြန်လှည့်သွားရသည်။ဇမ္ဗူ လှည့်ကြည့်ချင်နေတဲ့ စိတ်ကို ထိန်းချုပ်ရင်း ကျွန်းတံခါးကို ခပ်ဖြည်းဖြည်းချင်းတွန်းဖွင့်ဝင်လိုက်သည်။

စန္ဒကူးနံ့သင်းသည့် အခန်းက ဆီမီးရောင်ခပ်မှိန်မှိန်။ သလွန်ပေါ်တွင် လှပသော ဝတ်ရုံကိုဆင်မြန်းထားသည့် ဟင်္သာက မျက်လွှာချလျက် ငြိမ်နေသည်။ဇမ္ဗူဒီပ ဝင်လာတာတောင် ထပြီး ဦးညွှတ်ခြင်းမရှိသလို ကြိုဆိုခြင်းလည်းမရှိ။

ငယ်ရွယ်ခြင်းနဲ့အပြိုင်လာသည့်မာနလေးက  အလိုမတူခြင်းကိုဖော်ပြတဲ့အကျင့်ပေလား။အပြစ်ယူဖို့လည်း ဇမ္ဗူ မတွေးချင်တော့တာကြောင့် ကိုယ်ကပဲ အနားတိုးသွားလိုက်ကာ သလွန်ပေါ်သို့ ယှဉ်တွဲထိုင်လိုက်သည်။

ပုံမှန်ဆို မိဖုရားများ​က သူမတို့ဝတ်ရုံတော်ကို ကိုယ်တိုင်ချွတ်ရရုံသာမက အရှင်ဘုရင်ရဲ့ ကိုယ်ဝတ်တော်ကိုပါ ချွတ်ပေးရမည်ဖြစ်သည်။ယခု ဟင်္သာမှာ ခစားဖို့တောင် မလှုပ်တာမို့ ဇမ္ဗူကပဲ ချွတ်ပေးဖို့ဖြစ်လာ၏။

ဖြည်းဖြည်းချင်းလှမ်းလာသည့် ဇမ္ဗူရဲ့ လက်တွေကို ကြည့်ကာ သူမ အသက်ရှူသံလေး ပိုမြန်လာသည်။အပေါ်ယံဇာတစ်ထပ်ကို ချွတ်ပြီးချိန် မို့မောက်လာသည့် ရင်အစုံက ထိတ်လန့်ခြင်းကိုဖော်ဆောင်လျက်။

ဗောင်းကြော့ရင်သွေး(Royal's Son)Where stories live. Discover now