"အဲ့တော့ ငါကဘယ်နေရာကဝင်ရမှာလဲ"
" ဘယ်နေရာကမလဲ ဗီလိန် လင်းညိုသွေး ပေါ့"
"ဟမ်သူကဇာတ်အတော်နာထားတယ်လေ ငါပြန်ပြင်နိုင်ပါ့မလား"
" ကျနော်လဲကူညီမှာပါ hostကလဲ "
"အင်းငါအခုတော်တော်မူးနေတယ်"
"ထန်းရည်သောက်ထားတာကို"
"ငါသောက်တာမဟုတ်ဘူး"
"မူလကိုယ်သောက်တာလို့ပြောမလို့ကို"
"ရင်းရှင်းမပြောဘူး မူလကိုယ်ဆန်ဒကဘာတုန်း"
"ဟို ညီမဖြစ်သူချစ်ရသူနဲ့ပေါင်းဖက်နိုင်ရန် နဲ့လူချစ်လူခင် ပေါများပြီး ကို့ကိုချစ်ပေးနိုင်သူနဲ့ တသက်လုံး ပျော်ရွင်စွာနေထိုင်ရန်ပါ host"
"အော် ကောင်းရော် ငါကချစ်သူခင်သူပေါအောင်ဘယ်လိုနေပြရမလဲ ဟင်းးးမနိုင်ဇာတ်ခင်းရမှာပဲ ခုက ဘာ ဖြစ်လို့ ဒီ တောထဲကအိမ်မှာနေရတာလဲ မူလကိုယ်ဘာတေမွှေထားပြန်pလဲ"
"ခုမူလကိုယ်က အိမ်ပြန်မအိပ်ဘဲ ဖဲဝိုင်းမှာပဲ အိမ်သဘောမျိူးသွားနေ နေပြီး ဖဲရူံးလို့ညစ်ပြီး ထန်းတောမှာ ထန်းရည်ဝင်သောက်ပြီးမှောက်နေတာပါ အာ့ကို ဇာတ်လုပ်မတွေ့ပြီး ဒီအိမ်ကိုခေါ်လာတာ မူလဇာတ်မှာတော့ ဒီခိုးဆောက်ထားတဲ့ အိမ်ကို အဘနဲ့အမေ သိပြီး ပြသာနာ လာရှာကြမှာပါ ပြောရမယ်ဆို နောက်တစ်နာရီပဲလိုတော့တယ်"
"ဘာဇာတ်လိုက်မ ပြောလိုက်တာလား"
"မဟုတ်ပါဘူးhost အဘ ဖြစ်သူက hostတို့ကို နောက်ယောင်ခံလိုက်လာတာ hostတို့မသိတာ"
"အော် မာဖီးယား ဂုဏ်ကျတယ်ကွာ"
"တော်ပါ ဂုဏ်ဖော်မနေနဲ့ ဟိုကလာပြီ ဘာလိုလုပ်မလဲ "
"ဒီမှာအဝတ်အစားတေအသန့်ရှိလား"
"ရှိမှာပေါ့ "
ဘူးတစ်လုံးဆောင်အိုတောင်မဆင်းရဲ စကားကိုလက်ဝယ်ထားရှိတဲ့ တုတ်တုတ် အစုတ်ပလုတ်ကို ဆက်ပြီးမမေးတော့ဘဲ အဝတ်ထားတဲ့ ဗီဒိုကိုဖွင့်ကြည့်လိုက်သည်....အထဲမှာ အဝတ်အစား အသစ်တေများသား ကော်လံအကျီ..မိုးပြာရောင်ကို ဝတ်လိုက်ပြီး အပြာရင့်ရောင် ပုဆိုး ကွတ်ကျဲလေးနဲ့တွဲဖက်လိုက်တော့ အတော်သန့် ပြန့်သွားသည်....မှန်ထဲ သူဝင်ထားတဲ့ကိုယ်ကိုကြည့်လိုက်တော့ လူမိုက်ဆိုတဲ့နာမည်နဲ့မလိုက် ခလေးရုပ်နဲ့ ရှည်ကျနေတဲ့ ဂုပ်ထောက်ဆံသားအချိူ့တစ်ဝက်ကို ခပ်ပြေပြေလေးစည်းကာ မပြင်မဆင်ဖြစ်နေတဲ့ မျက်နှာကို သနပ်ခါးရေကျဲလေး ခပ်ပါးပါးလိမ်းရင်း...သစ်သားထိုင်ခုံပေါ် အကျအနထိုင်ကာ အဘ ဆိုသူကိုစောင်နေသည်.....
YOU ARE READING
System ကပေးတဲ့မောင်💛
ActionSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤