)
ခနအကြာလမ်းလျှောက်ပြီး တုတ်တုတ်တို့နဲ့တွေ့ကြသည်....ဘေးမှာလဲကောင်လေးတစ်ယောက်ပါလာသည်....တုတ်တုတ်ရဲ့မျက်နှာဟာတော့မကောင်းပါချေပြိုကျတော့မဲ့မိုးလို....ထိုကောင်လေးကအသက်မရှိတော့ဘူးတဲ့သူသတ်လာတာလို့တော့ပြောပြီးသည်နှင့်...သစ်တုံးပေါ်ငူငူလေးသွားထိုင်နေတော့သည်......
ထိုဖြစ်ရပ်တေမဖစ်ခင်....
"ခဗျားကြီး".
"ဘာလဲကွာ "
"ကျူပ်ကျဆွဲကူအုန်းလေ"
"ဟာ....မင်းကတစ်မျိူးလာ "
ထိုအကောင်ပေါက်လေးကိုတွင်းဝပေါ်သို့ဆွဲတင်ပေးလိုက်သည်...
"ခဗျားကလဲလက်ကြမ်းခြေကြမ်းနဲ့"
"စကားများလိုက်တာကွာ...."
"ခဗျားနော်....ဒါနဲ့ခဗျားကဘာလာရှာတာလဲ "
" ဂယ်ဖီမြွေကိုလာရှာတာဇွန်ဘီတွေကိုတိုက်ထုပ်ဖို့"
" ဟမ်...တကယ်ကြီးလားဟင်"
"အင်းပေါ့.."
"ဒါဆိုကျွန်တော်ခဗျားကိုကူညီမယ်"
"ရပါတယ်မင်းအေးဆေးနေပါ "
"ဒီမှာ"
"ဟမျဘာလဲ"
သူခါးကြားလေးထဲက ဓားကိုယူကာ...တုတ်တုတ်ကိုကမ်းပေးနေသည်....
" ကျွန်တော်နာမည်က ရယ်ဘီ...ဂယ်ဖီမျိူးနွယ်ဝင်ပါ...အဖိုးက အသေခံဖို့လွှတ်လိုက်တာ...လူ့ပြည်ကိုကယ်ဖို့ကျွန်တော်အသေခံမလို့လာတာ...ခုခဗျားကိုတွေ့တော့အတော်ပဲ ဒီဓားနဲ့ကျွန်တော်ကိုသတ်ပါ....သတ်ပြီးရင်ကျွန်တော်ကိုယ်ကသွေးမထွက်ဘူး...ကျွန်တော်လည်ပင်းက ကြိုးလေးကိုဖြုတ်လိုက်ရင်...မြွေပုံစံပြောင်းလိမ့်မယ်အဲ့ကျခဗျားတို့ကြိုက်တာလုပ်..."
"ဟင့်အင်းးငါမင်းကိုမသက်ရက်ဘူး ရယ်ဘီ..ဟင့်အင်း"
"ခဗျားကကျူပ်ကိုခင်တယ်ဆိုကျူပ်တာဝန်ကိုအဆုံးသတ်ပေးပါနော်"
"ဟင့်အင်းဟင်အင်း"
"ခဗျားနော်လူကချောရဲ့သားနဲ့ကျူပ်ကိုမကူညီဘူးလား"
YOU ARE READING
System ကပေးတဲ့မောင်💛
AcciónSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤